လူသားတွေဟာ နေ့စဥ်ဘဝရဲ့ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရပါတယ်။ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ အသက်ကြီး အဘိုးအဖွားများလည်း ပါဝင်နေပါတယ်။
အသက်ကြီးပေမဲ့လည်း လောကဓံက မျက်နှာသာမပေးသောအခါ အဖိုးတစ်ယောက် တွန်းလှည်းလေးနဲ့ အချဥ်ပေါင်း ရောင်းနေရပါတယ်။
အဖိုးဟာ အချဥ်ပေါင်းရောင်းချတဲ့အလုပ်လေးကို လုပ်လာတာ နှစ်ပေါင်း ၃၀ ရှိလာပြီး အဖိုးရဲ့ခြေထောက်လေးက သက်သေအဖြစ်ရှိနေပါတယ်။
အဖိုးဟာ တစ်နေ့လုံးရောင်းမှ အမြတ်က ၅၀၀၀ လောက်ပဲ ကျန်ပြီး နေပူမိုးရွာမရှောင် အသက်အရွယ်ကို အလေးမထားနိုင်ပဲ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရပါတယ်။
စေတနာရှင်တစ်ဦးက အဖိုးရောင်းချနေတဲ့ အချဥ်ပေါင်းတွေကို အကုန်ဝယ်လိုက်ပြီး အဘအတွက် ပိုက်ဆံ ၃၀၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။
အဖိုးတစ်ယောက် ထီပေါက်သလို ပျော်ရွှင်ခဲ့ပြီး အဖိုးပြောလိုက်တဲ့စကားလေးက အားလုံးအတွက် ဝမ်းနည်းဝမ်းသာစေတဲ့ စကားလေးပါ။
သူရဲ့အိမ်မှာ ကျန်နေခဲ့တဲ့ အမေကြီးကို ပိုက်ဆံ အပ်မယ်...သူဆန်နဲ့ဆီလိုနေတာ ဝယ်လို့ရပြီ သားရေ ဆိုပြီး အဖိုးဝမ်းသာစွာနဲ့ပြောခဲ့တဲ့ စကားက စေတနာရှင်အလှူရှင်တွေအတွက်တော့ ဝမ်းနည်းဝမ်းသာ စကားလေးဖြစ်ခဲ့ရပါတယ်။
သတင်း အရင်းအမြစ်៖ ArrPuu Tuu