သေနတ်ကိုင်ထားတဲ့ ဧည့်လမ်းညွှန်တွေနဲ့သာ လည်ပတ်ခွင့်ရမယ့် ထူးထူးဆန်းဆန်း မြို့ဟောင်း‌ကြီး

//s9.kh1.co/0f/0f5487085b630f62dcdb2ee833da2ed4464b5df3.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဆွီဒင်လူမျိုးများ တည်ထောင်ခဲ့သည့် ပိုင်ယာမီဒန်ကို ၁၉၂၇ ခုနှစ်တွင် ဆိုဗီယက်ယူနီယမ်သို့ ရောင်းချခဲ့ပါတယ်။ ဆိုဗီယက်တို့ဟာ ကျောက်မီးသွေးရှာဖွေရန် လူနေအိမ်များကို ဖောက်ခွဲခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကာ များမကြာမီ ယင်းနေရာဟာ စွန့်ပစ်ထားတဲ့ နေရာဖြစ်ခဲ့ပါတယ်။ ယခုအချိန်တွင် သဘာဝတောရိုင်းမြေတစ်ခုအဖြစ် တည်ရှိနေကာ ပင်လယ်ပျော်ငှက်များ၊ ဖျံများ၊ ပိုလာဝက်ဝံများကျက်စားသည့် နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

https://s9.kh1.co/__image/w=600,h=390,q=100/a2/a23cfbe45c3ebb4942f99a744c4d61276785955f.jpg
https://s9.kh1.co/__image/w=600,h=400,q=100/36/369bc150ee1afb5387e8e1da0208f71ad22e1da3.jpg

ပိုင်ယာမီဒန် မြို့ဟောင်းဟာ ယခုတိုင်ကျန်ရှိနေကာ စက်မှုလုပ်ငန်း အကြွင်းအကျန်များက တစ္ဆေမြို့ကိုပြသရန် တည်ရှိနေပါတယ်။ ရုပ်သံ ဇာတ်လမ်းတွဲ Life After People တွင် ပိုင်ယာမီဒန်ဟာ ပြင်းထန်သော အာတိတ်ရာသီဥတုအောက်တွင် ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ အနည်းဆုံး နှစ် ၅၀၀ ကျော် တည်တံ့ခဲ့တယ်လို့ သိရပါတယ်။ နှစ် ၅၀၀ တောင်ရှိတဲ့ စွန့်ပစ်မြို့ကြီးကတော့ အံ့ဩစရာပါပဲ။

https://s9.kh1.co/__image/w=600,h=337,q=100/2a/2a0ff5198025548d73c42d9ca58d33ab4ce33e0d.jpg
https://s9.kh1.co/__image/w=600,h=400,q=100/71/711546da891c407936d69a9972432f3bce4d6634.jpg

ခရီးသွားများဟာ ပိုင်ယာမီဒန်သို့ သင်္ဘောဖြင့်သာ လာရောက်နိုင်ကြပြီး သေနတ်ကိုင်ထားတဲ့ ဧည့်လမ်းညွှန်နှင့် အတူ လိုက်ပါကြရပါတယ်။ ဧည့်လမ်းညွှန်များဟာ မြို့တွင်းလေ့လာကြည့်ရှုစဉ် ဝက်ဝံများ၏ တိုက်ခိုက်မှု အန္တရာယ်ရှိသဖြင့် တိုက်ခိုက်လာတဲ့ ဝက်ဝံကို ပစ်ခတ်နိုင်ရန် သေနတ်ကိုအသင့် ကိုင်ဆောင်ထားရတာပဲ ဖြစ်ပါတယ်။ နွေရာသီကာလတွင် လာရောက်လည်ပတ်သူများအတွက် ဟိုတယ်နှင့် ပြတိုက် တစ်ခုကို ဖွင့်လှစ်ထားပါသေးတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/47/47643e2690b8d9b912f4e055cdcd0e2c3ed63c47.jpg
https://s9.kh1.co/__image/w=600,h=400,q=100/9d/9d75cae4dd78a459704a0902a37495a4558d32eb.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T