တခြားကမ္ဘာသားတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့ လူနှစ်ယောက်

//s9.kh1.co/a4/a4e679f50f396725e21743cefafa3cc9226193ee.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ၁၉၇၃ ခုနှစ်လောက်တုန်းက အင်္ဂလန်နိုင်ငံမှာ အတော်လေးကို နာမည်ကြီးပြီး လူပြောများစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Charlie Hickson နဲ့ Calvin Parker လို့အမည်ရတဲ့ အမျိုးသားနှစ်ယောက်ဟာ ရဲဌာနကို လာရောက်ပြီး အမှုဖွင့်ခဲ့ပါတယ်။ အမှုဖွင့်တယ်ဆိုတာ အထူးအဆန်းကိစ္စမဟုတ်သော်လည်း သူတို့ရဲ့ အမှုကတော့ အတော်လေးကို ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/cc/cc78efa1b6bc17c686a3e341796dd28fd96ff464.jpg
https://s9.kh1.co/__image/w=600,h=425,q=100/19/192b4d51a1515a2dab8a1ecf5aec8f429500c2c0.jpg

သူတို့ရဲ့ ပြောကြားချက်အရ ပုဇွန်လိုလက်တွေအများကြီးရှိတဲ့ ဂြိုလ်သားတွေဟာ သူတို့နှစ်ယောက်ကို အမည်မသိတဲ့နေရာတစ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အခန်းမတူပဲ စစ်ဆေးတာခံခဲ့ရတယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ ရဲအရာရှိတွေကတော့ သူတို့ရဲ့ ထွက်ဆိုချက်တွေကို မယုံကြည်ကြတာကြောင့် မုသားဖော်စက်ဖြင့် စစ်ဆေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/a4/a4e679f50f396725e21743cefafa3cc9226193ee.jpg
https://s9.kh1.co/__image/w=600,h=863,q=100/cf/cffdc359e8b6058788d6da82f7178797489c9667.jpg

မုသားဖော်စက်ဆိုတာ ဆိုသည်မှာ စက်ကိရိယာများဖြင့် နှလုံး သွေးကြော ဦးခေါင်းတို့ကို ထောက်ထားပြီး မုသားပြောလျင် အချက်ပြသည့် စနစ်ဖြစ်ပါတယ်။ ဒီလို စစ်ဆေးတဲ့အခါမှာတော့ ထူးဆန်းစွာနဲ့ပဲ သူတို့နှစ်ယောက် ထွက်ဆိုသည့် စကားများ အားလုံး အမှန်ဖြစ်နေတာကြောင့် အမှုဖွင့်ခွင့်ပေးခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ အရင်တုန်းကလည်းရှိခဲ့ပြီး ရဲအရာရှိတွေကို အကြပ်ရိုက်စေခဲ့ရပါတယ်။ ပရိသတ်ကြီးရော ဒီလိုအဖြစ်အပျက်တွေဟာ တကယ်ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလားဆိုတာ ထင်မြင်ချက်တွေ ပေးခဲ့ပါအုန်းနော်။

https://s9.kh1.co/__image/w=650,h=488,q=100/19/19f9c5e4e0407c8b60232473c864977e8086cce8.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T