သင်ကြိုက်တဲ့အရောင်တွေက ပြောပြတဲ့ သင့်အကြောင်း

//s9.kh1.co/b6/b69301b1a4fc07455f7b35fd9564040b3af5ba0b.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အရောင်တွေကနေသိရှိနိုင်မယ့် သင့်ရဲ့ စိတ်နေစိတ်ထားတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ လူတိုင်းမှာ ကိုယ်ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ အရောင်လေးတွေ ရှိကြမှာပါ။ ဒီလိုမျိုးကိုယ်ကြိုက်တဲ့ အရောင်လေးတွေကနေ ကိုယ့်ရဲ့ စိတ်ထားစိတ်ထား ဘယ်လိုရှိတယ်ဆိုတာကို သိနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

အနီရောင်

https://s9.kh1.co/__image/w=384,h=450,q=100/ab/ab0539faf8318ec9ff304c361a21ee38e7042bc2.jpg

အနီရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ စိတ်ဓာတ်ပြတ်သားကြသားကြသလို ဘာမဆို ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ ပြတ်သားတဲ့ စိတ်ဓာတ်အခံရှိသူတွေမို့လို့ ဘာမဆိုမှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

အပြာရောင်

https://s9.kh1.co/__image/w=509,h=339,q=100/11/11b635fd7aa4f4351a5766b52f4c1e41bed6cf59.jpg

ဒီအရောင်ကို ကြိုက်တဲ့သူတော်တော်များများဟာ စိတ်နေစိတ်ထား တည်ငြိမ်သလို မိမိရဲ့ခံစားချက်အတိုင်း နေထိုင်သူတွေလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အပြာရောင်ရဲ့ အဓိပ္ပါယ်ဟာ လွမ်းဆွေးခြင်းကို ကိုယ်စားပြု ပြီး အသံဆွေးဆွေးလေးတွေနဲ့ သီဆိုရတဲ့ သီချင်းတွေကို Blue songs လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။

အစိမ်းရောင်

https://s9.kh1.co/__image/w=600,h=400,q=100/75/7564e23382b1f3a9e79a56d8407583b1f6990209.jpg

အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဟာ သူတို့ရဲ့ပင်ကိုယ်ပုံစံကိုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး နေထိုင်ကြသူတွေပါ။ နိုင်ငံတစ်ချို့မှာတော့ အစိမ်းရောင်ကို မနာလိုတဲ့အခါ သို့မဟုတ် သဝန်တိုတဲ့အခါ မျိုးတွေမှာအသုံးပြုကြပါတယ်။

အဖြူရောင်

https://s9.kh1.co/__image/w=600,h=312,q=100/3d/3d2c1cadbbf92779f59e19fc96647974d5e346f6.jpg

အဖြူရောင်ကို ကြိုက်နှစ်သက်သူတွေဟာ ဘာမဆို အနိုင်မယူလိုတက်ပဲ အလျှော့ပေးတတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ..သူများပျော်ဖို့အတွက် ကိုယ်ကိုတိုင်အနစ်နာခံရမယ်ဆိုရင်တောင်မှ ကျေကျေနပ်နပ်ကြီး ခံယူတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

အနက်ရောင်

https://s9.kh1.co/__image/w=500,h=480,q=100/86/86cf28c4daf718d9410e02b613dbbcbfd1726682.jpg

အနက်ရောင် ကြိုက်သူတွေဟာ မိမိခံစားချက်ကို အများသိအောင် ထုတ်ဖော်မပြပဲ ရင်ထဲအမြဲသိမ်းထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ အပြင်ပန်းမှာတော့ တည်ကြည်နေပေမယ့်လည်း အတွင်းစိတ်မှာတော့ ဘယ်သူမှ မသိသေးတဲ့စိတ်ခံစားချက်တွေကို သိမ်းထားကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T