မြန်မာနိုင်ငံရှိရာဘက်သို့သာ မျက်နှာမူနေတဲ့ ထိုင်းနိုင်ငံ မှ မြဘုရား

//s9.kh1.co/f4/f40150505983d2dece1124a1e3daed1c4b1e504a.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကြည်ညိုသပ္ပာယ်စရာကောင်းလိုက်တာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြကျောက်ရုပ်ပွားတော်ရဲ့ ရာဇဝင်ကိုပြောရမယ်ဆိုရင် အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က ဤ မြဘုရား ကို လက်ဆောင်အနေနဲ့ဆက်သထားခဲ့တာဖြစ်ပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်းမိခဲ့ပါတယ်။ဒါကြောင့် ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်လန့်ပြီး ဆက်ပို့ဖို့ အဆင်မပြေခဲ့တဲ့အတွက် ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီးလာအို ဘုရင်က တစ်မြတ်တစ်နိုး ကိုးကွယ် ထားတဲ့ဆင်းတုတော်ဖြစ်ပါတယ်။

Photo Credit From Thandar Khin
Photo Credit From Thandar Khin

ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးကဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်ဟာ သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံရေစက်ချ လှူဒါန်း ခဲ့ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာအဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက်ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီးဖြစ်စေပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့်ပြည်သူတွေရဲ့ သဒ္ဓါတရား ကို ခုလို အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအိုဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။

Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda

ဒီလို သမိုင်းကြောင်းကြီးတဲ့ မြဘုရား ကိုမှ ထိုင်းနိုင်ငံဟာ လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ လာအိုနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်ကမြ ဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာပါတယ်။ယခုဆိုရင် မြကျောက်ရုပ်ပွားတော်ကြီးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော်ဝင်နန်းတော်ရှိ မြဘုရားဗိမာန်တော်မှာ ကိန်းဝပ်စံပယ်လျက်ရှိပါတယ် ။

Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda
Photo Credit From Shwe Dagon Pagoda
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T