တရုတ်လူမျိုး Cambridge တက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံမှာရှိတဲ့ ဈေးဆိုင်တစ်ခုမှာလူတစ်စုရဲ့ ရုပ်ပိုင်းဆိုင်ရာအုပ်စုဖွဲ့ရိုက်နှက်ခြင်းကိုခံခဲ့ရပါတယ်။ အဆိုပါအမျိုးသားက တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ရိုက်နှက်ခဲ့တဲ့လူငယ်တွေကလည်း လူမျိုးရေးမုန်းတီးမှုကြောင်း ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
တရုတ်အမျိုးသားရဲ့နာမည်က Zhang ဖြစ်ပြီးအသက်က ၂၅ နှစ်အရွယ်ဖြစ်ပါတယ်။ သူကစက်တင်ဘာက ၁၈ ရက်နေ့က Co-op လို့အမည်ရှိတဲ့ဈေးဆိုင်မှာဈေးဝယ်နေရင်း လူငယ်တစ်စုရောက်လာပြီး “မင်းနိုင်ငံကိုပြန်သွားလိုက်တော့” လို့ပြောရင်းအော်ဟစ်ဆဲဆိုကာ ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အကျူးလွန်ခံခဲ့ရတဲ့အမျိုးသားက
“ ကျွန်တော်သူတို့နဲ့ရှောင်ပြီးဆိုင်ကနေထွက်လာခဲ့တယ်။သူတို့ကကျွန်တော့်နောက်ထပ်လိုက်လာ
ပြီးထိုးတယ်။ကျွန်တော်သူ့တို့ကိုငါရဲခေါ်လိုက်ပြီးပြီမင်းတို့မလွတ်တော့ဘူးလို့ပြောလိုက်ပါတယ်။
သူတို့ကျွန်တော့်ကျောကုန်းကိုလည်းကန်တယ်။ကျွန်တော့်ကိုယ်ပေါ်ကိုအရက်တွေနဲ့လည်း
လောင်းချပါတယ်။ပြီးတော့ထွက်ပြေးသွားကြတယ်”
ဖြတ်သွားဖြတ်လာလူတစ်ယောက်က Zhang ကိုတွဲခေါ်ပြီး ဆေးရုံပို့ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အုပ်စုဖွဲ့ရိုက်နှက်ခံရပြီးနောက်မှာ Zhang က Cambridge တက္ကသိုလ်ရဲ့အာရှလူမျိုးများအဖွဲ့အစည်းမှာ “Stop Asian Hate” လက်မှတ်ရေးထိုးပွဲ ကမ်းပိန်းကိုပြုလုပ်ခဲ့ပြီး စုစုပေါင်းလက်မှတ်ရေးထိုးသူ ၁၀၀၀ ကျော်ထိရရှိထားတယ်လို့သိရပါတယ်။ ကမ်းပိန်းရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာတဝှမ်းက တရုတ်လူမျိုးဖြစ်ဖြစ်၊ကိုရီးယားလူမျိုးဖြစ်ဖြစ်၊အိန္ဒိယလူမျိုးဖြစ်ဖြစ်၊ဂျပန်လူမျိုးဖြစ်ဖြစ် အာရှနိုင်ငံသားတွေကို အမုန်းတရားနဲ့အနိုင်ကျင့်မှုတွေလျော့နည်းလာစေရန်ရည်ရွယ်ထား ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာနိုင်ငံကြီးတွေမှာအာရှနိုင်ငံသား အထူးသဖြင့် တရုတ်လူမျိုးတွေကို မုန်းတီးမှုကတော့ဆက်လက်ပြီးတိုးနေဆဲပဲဖြစ်ပါတယ်။