ကမ္ဘာ့လျှာအရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ခွေးမကလေး Mochi

//s9.kh1.co/fb/fbf1b9ca84963f8d4e99bc2ee18aaf4d5e869b87.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံ တောင်ပိုင်း ဒါကိုတာ Sioux Falls အရပ်မှ အသက် ၈နှှစ်ရှိပြီဖြစ်တဲ့ St.Bernard ခွေးကလေးဟာ ရှည်လျားတဲ့ လျှာကိုပိုင်ဆိုင်တဲ့ ခွေးကလေးအဖြစ်နဲ့ Guiness World Record မှာ မှတ်တမ်းစံချိန်ဝင်ခဲ့ပါတယ်။ ခွေးကလေး ရဲ့ လျှာဟာ ၁၈.၅၈ စင်တီမီတာ (၇.၃၁ လက်မ) ရှည်လျားပါတယ်။ နာမည်ကတော့ Mochi ဖြစ်ပြီး ခွေးမကလေး တစ်ကောင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/d7/d7293060a30bfcc2af7d38c4b6cc1378311d2f71.jpg
https://s9.kh1.co/__image/w=600,h=400,q=100/75/75eea8af62ba85dc71c04a8a72810bfe7e22e7cd.jpg

ခွေးကလေး ရဲ့ ပိုင်ရှင် Carla Rickert က "ဒီလိုမှတ်တမ်းစံချိန်ဝင်ခဲ့တာ တကယ့်ကိုအံ့မခန်းပါဘဲ။ Mochi ဟာ အေးအေးဆေးဆေးနေတတ်သူပါ။ တစ်ခါမှတောင်းဆိုတာ၊ ၀င့်ကြွားတာမျိုးမရှိပါဘူး။ ဒီလိုမှတ်တမ်းစံချိန်ဝင်ခဲ့တာကို သူလည်း ပျော်လိမ့်မယ်လို့ ထင်ပါတယ်" လို့ပြောကြားသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/15/15896f6b222c5cfa31d98de8efbd3f9425330006.jpg
https://s9.kh1.co/__image/w=600,h=1048,q=100/51/51bef8e533e87b3eabd12f9c88ea96970dfb2a49.jpg

ခွေးမကလေးဟာ သူရဲ့ ရှည်လျားတဲ့ လျှာကြောင့် လူအများစိတ်ဝင်စားခြင်းခံနေရပါတယ်။ အခုလို Guiness World Record မှာ မှတ်တမ်းစံချိန်ပါ ၀င်ခဲ့တာကြောင့် ခွေးကလေးကို လူအများ ပိုသိလာခဲ့ကြပါတယ်။ ခွေးကလေး ရဲ့ပိုင်ရှင်လည်း အခုလို မှတ်တမ်းစံချိန်ဝင်ခဲ့တဲ့ အတွက် အလွန်ပျော်ရွှင်နေပါတယ်။

https://s9.kh1.co/__image/w=600,h=604,q=100/52/52330e2a1248ae0f63d3a1a0b82f066c524a9056.jpg
https://s9.kh1.co/__image/w=600,h=400,q=100/73/73bdc826d11f03dc13be5a338a39ebfd9d38cf97.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T