Green Anaconda လို့ခေါ်တဲ့ ဒီမြွေကြီးတွေဟာ ပုံမှန်အားဖြင့် အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ကျင်လည် ကျက်စားလေ့ရှိပြီး စပါးအုံးမြွေထက်တောင် အလေးချိန် ပိုများပါတယ်။
ဒါ့အပြင် ဒီမြွေကြီးတွေဟာ တွားသွားသတ္တဝါတွေထဲမှာ အကြီးဆုံးလို့တောင် တင်စားခံရပေမယ့် သူတို့မှာအဆိပ်တော့မရှိကြပါဘူး။

ဒီမြွေကြီးတွေရဲ့ ခန္ဓာကိုယ် အရွယ်အစားဟာ သာမန်အား ဖြင့် ၂၅၀ ကီလိုဂ၇မ်(ပေါင် ၅၅၀) အထိ လေးလံကာ အလျား၉ မီတာ(၂၉ပေ) လောက်ထိရှိတတ်ပါတယ်။
ဒါ့အပြင် အထီးတွေဟာ အမေတွေထက် အနည်းငယ်ပိုပြီး အရွယ်အစားကြီးကြပါတယ်။
ဒီမြွေကြီးတွေဟာ လက်ရှိမှာအကြီးဆုံးလို့ဆိုနိုင်ပေမယ့် ကမ္ဘာကြီးပေါ်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ Titanoboa မြွေကြီးတွေထက်တော့ အရွယ်အစားသေးငယ်ပါတယ်။


ဒီ Green Anacinda မြွေကြီးတွေဟာ ရေတိမ်ပိုင်းမှာ အနေများပြီးအစာရှာလေ့ရှိကြသလို သူတို့ရဲ့ကြွက်သားကြီးတွေနဲ့ တောကောင်အကြီးကြီးတွေကို အသက်မရှူနိုင်အောင်ညှစ်ပြီး ဖမ်းဆီးစားသောက်နိုင်ကြပါတယ်။
သူတို့ရဲ့စက်ကွင်းထဲရောက်နေပြီဆိုရင် ပြန်ပြေးထွက်ဖို့ခက်ခဲလှပြီး အားကြီးတဲ့ ခြင်္သေ့ လိုကောင်မျိုးတွေတောင် အစာဖြစ်သွားရပါတယ်လို့ သိရပါတယ်။


သတင်း အရင်းအမြစ်៖ Wikipedia