အသက်အရွယ်ကြီးရင့်သူတွေဟာ အလုပ်ကြမ်းတွေနဲ့ မသင့်တော်ပေမယ့် ဝမ်းရေးအခက်အခဲနဲ့ ကြုံလာတဲ့အချိန်မှာ အရိပ်အောက်အေးအေးလူလူမနေနိုင်တော့ဘဲ ဘဝကိုပင်ပင်ပန်းပန်းဖြတ်သန်းနေရသူတွေလည်း မနည်းပါဘူး။ ဒီနေ့မှာတော့ လူရွှင်တော်မိုးစက်ဟာ အသက် (၇၀) ရှိနေပေမယ့် နေပူထဲမှာ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ဓားသွေးပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ အဘဦးမောင်ကြိုင်အတွက် တစ်လစာဖူလုံသွားအောင် ငွေကျပ် (၁၅၀၀၀၀) ကန်တော့ခဲ့ပါတယ်။
နေပူထဲမှာ ဝမ်းရေးအတွက် ပင်ပင်ပန်းပန်းရုန်းကန်နေရတဲ့သနားစရာအဘအတွက် အခုလိုလှုဒါန်းပေးတာ တကယ်ကိုဝမ်းသာစရာပါ။ အဘကလည်း တစ်သိန်းခွဲကန်တော့တဲ့အပေါ်မှာ ဘာကြောင့်ဒီလောက်အများကြီး ကန်တော့တာလဲလို့တောင် ပြန်မေးခဲ့ပါသေးတယ်။ ဒီအပေါ်မှာလည်းမိုးစက်က အဘတစ်လလုံးအေးအေးလူလူနေရအောင် ကန်တော့တာဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။ မြေးမလေးတစ်ယောက်နဲ့ ဘဝကိုခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့အဘအတွက်တော့ မိုးစက်ကန်တော့လိုက်တဲ့ ငွေတစ်သိန်းခွဲဟာ အဖိုးမဖြတ်နိုင်အောင်ပါပဲ။
အိမ်ငှားရမ်းခအဖြစ် တစ်လကို ငွေငါးသောင်းကျပ်ပေးရပြီး စားဝတ်နေရေးအတွက်လည်း ရုန်းကန်ရတာကြောင့် ဒီကာလကြီးမှာ မလွယ်ကူလှပါဘူး။ အခုလိုလှူဒါန်းပေးတာကြောင့် အဘတို့ မြေးအဖိုးလည်း အထိုက်အလျောက်အဆင်ပြေသွားမှာပါ။ မိုးစက်ရဲ့အလှူလေးကို ပရိသတ်တွေကလည်း ဝိုင်းဝန်းပြီးသာဓုခေါ်ဆိုခဲ့ကြပါတယ်။
သတင်း အရင်းအမြစ်៖ Moe Sat's FB Acc