ပြည်တွင်း ပရိသတ်တွေ သာမက ပြည်ပက ပရိသတ်တွေအားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ပိုင်တံခွန်က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အစွမ်းကုန် ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့ရပါတယ် ။

ဒါကြောင့်လည်း ပိုင်တံခွန်ခမျာ ပုဒ်မ (၅၀၅ - က ) နဲ့ တရားစွဲဆိုခံရပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့သူဖြစ်တာကြောင့် ပြည်သူတွေကလည်း သူအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဒီကနေ့ အထိပါပဲ ။


ယနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ (၂၅) နှစ်ပြည့်မွေးနေ့ဖြစ်ရာ ပရိသတ်တွေရော အနုပညာရှင်တွေများစွာကပါ သတိတရ မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ် ။ အခုလည်း မအေးသောင်းက တစ်ချိန်က အမှတ်တရ ပုံရိပ်တွေနဲ့ အတူ " စိတ်သဘောကောင်းတဲ့မောင်လေး ဒီနှစ်မွေးနေ့မှာ အတူတူမရှိကြပေမဲ့ နောင်နှစ်မွေးနေ့မှာ ပိုပျော်ကြမယ်။ အမြန်ဆုံးလွတ်ကင်းပါစေ။ " ဆိုတဲ့ ဆုတောင်းစကားလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း တံခွန်တစ်ယောက် အမြန်လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
