အောင်မြင်ကျော်ကြားသူတွေဖြစ်ပေမယ့်လည်း သာမန်လူတစ်ယောက်လို ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းကြသူများ

//s9.kh1.co/09/0901dcfbe38bd3e5fe64488dd58dde1c2fed55bb.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးတွေထဲမှာ ဘီလ်ဂိတ်ကို မသိတဲ့သူ မရှိစလောက်ပါပဲ။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေအပြင် အလှူအတန်းရက်ရောတဲ့ သူတစ်ဦးလို့ အများကသိထားကြတာပဲ ဖြစ်ပါတယ်။ အခုမြင်တွေ့နေရတာကတော့ ဘာဂါရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အများနည်းတူ စိတ်ရှည်ရှည်နဲ့ တန်းစီစောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပင် ကမ္ဘာကျော်တဲ့ သူဋ္ဌေးကြီးပင်ဖြစ်နေပါစေ လေးစားသမှုနဲ့ တန်းစီစောင့်ဆိုင်းနေတဲ့ ဘီလ်ဂိတ်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/61/61bf96c41ae97b52cb7339a44c8c0d8f3a1e674f.jpg

နိုင်ငံ့ခေါင်းဆောင် ဖြစ်နေပေမယ့်လည်း တခြားသမ္မတတွေလို အစောင့်အရှောက်တွေမပါ၊ ကားဆိုလည်း ဒရိုင်ဘာမပါပဲကိုယ်တိုင်မောင်းကာ ရုံးတက်တဲ့ ဥရုဂွေးသမ္မတ Jose Mujica ကတော့ တကယ့်ကို စံထားလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့တောင် ပြောလို့ရပါတယ်။ အခု မြင်တွေ့နေရတဲ့ ပုံကတော့ ဥရုဂွေးနိုင်ငံရဲ့ အများပြည်သူဆေးရုံမှာ တစ်ခြားလူနာတွေနည်းတူ မိမိအလှည့်ရောက်ဖို့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/b0/b0d90021077683ce35531607b1aac4211af24ef2.jpg

နောက်ထပ်တစ်ယောက်ကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဦးလူမည်း သမ္မတဖြစ်တဲ့အပြင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကိုရခဲ့တဲ့ သမ္မတဟောင်း အိုးဘားမားပဲ ဖြစ်ပါတယ်။ သမ္မတဟောင်း အိုဘားမားဟာ ပြီးခဲ့တဲ့ ခရစ္စမတ် တစ်ခုတုန်းက ဝါရှင်တန်မြို့မှာရှိတဲ့ ကလေးဆေးရုံမှာ ခရစ္စမတ်ကာလကို ဖြတ်သန်းရမယ့် ကလေးလေးတွေအတွက် ဆန်တာဘိုးဘိုး အဖြစ်သွားခဲ့ပြီး လက်ဆောင်တွေပေးကာ အမှတ်တရ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ နိုင်ငံတာဝန်တွေ ထမ်းဆောင်ပြီးနောက်ပိုင်းမှာတောင် လူထုအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ သမ္မတဟောင်း အိုဘားမားရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=600,h=720,q=100/d1/d1d3aa02b3a719fb00685a0723d1c104a2bd169a.jpg
https://s9.kh1.co/__image/w=600,h=450,q=100/cb/cb0029a6b435e5d7fc4b5f7cb399ab97f2c060c7.jpg
https://s9.kh1.co/__image/w=600,h=600,q=100/d7/d7f697cf434c02d267ae635262854633c8db79b4.jpg

သတင်း အရင်းအမြစ်Did you know?

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T