လူသားတွေရဲ့ သိပ္ပံပညာကို နောက်တစ်ဆင့်တက်လှမ်းစေနိုင်ခဲ့တဲ့ ပုံစံတူကိုယ်ပွားသိုးလေး Dolly

//s9.kh1.co/e6/e630e8443682afbfe45212cf09a9efc6e1207310.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၉၆ မှ ၂၀၀၃ ခုနှစ်အထိနေထိုင်ခဲ့သော Finn Dorset သိုးမလေး Dolly ဟာ ဗြိတိသျှဖွံ့ဖြိုးမှုဇီဝဗေဒပညာရှင် Ian Wilmut နှင့်စကော့တလန် Edinburgh အနီးရှိ Roslin Institute မှလုပ်ဖော်ကိုင်ဖက်များက ထုတ်လုပ်ထားတဲ့ အရွယ်ရောက်နို့တိုက်သတ္တဝါရဲ့ ပထမဆုံး clone ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ဖေဖော်ဝါရီလတွင် Dolly မွေးဖွားခြင်းရဲ့ ကြေငြာချက်ဟာ သိပ္ပံပညာရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း သက်ရှိနို့တိုက်သတ္တဝါများကို ပုံတူပွားခြင်း နည်းပညာဟာ မဖြစ်နိုင်ဘူးဆိုတဲ့ ဆယ်စုနှစ်တစ်ခုကြာ ယူဆချက်ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/40/40ea6ae8bfdbd632efac46d97bea85980666a2ab.jpg
https://s9.kh1.co/__image/w=650,h=665,q=100/bb/bb20b17b4edc8924593f9768ee4a4c5094dbc0c9.jpg

နို့တိုက်သတ္တဝါတွေရဲ့ Clone အယူအဆဟာ Dolly မွေးဖွားချိန်မှာတော့ အသစ်အဆန်းမဟုတ်တော့ပါဘူး။ နို့တိုက်သတ္တဝါများအကြား၊ သဘာဝအတိုင်းမျိုးရိုးဗီဇ clones များ (သို့) မျိုးဗီဇတစ်ခုနှင့်တစ်ခု တူညီသောအမွှာများဟာ monozygotic (ထပ်တူ) အမွှာများအဖြစ် သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် Dolly နှင့်မတူဘဲ ဒီ clones များဟာ zygote တစ်ခုတည်း (သို့) ဥမှဆင်းသက်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အခြားတစ်ဦးရဲ့ clones များမဟုတ်ဘဲအချင်းချင်း clone များသာ ဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=553,h=628,q=100/cb/cb5feb7bb398c5dac0dc0da653e372f5d83a28d8.jpeg
https://s9.kh1.co/__image/w=650,h=435,q=100/0e/0ed7de125409756ed20283d037ba3b9637ef3876.jpg

ဆယ်စုနှစ်များစွာသိပ္ပံပညာရှင်များဟာ အရွယ်ရောက်ပြီးသားနို့တိုက်သတ္တဝါကနေ တခြားတစ်ကောင်ကို Clone ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ကြပါဘူး။ ထပ်ခါထပ်ခါကျရှုံးမှုများဟာ သိပ္ပံပညာရှင်များကို ဖွံ့ဖြိုးဆဲနို့တိုက်သတ္တဝါသန္ဓေသားအတွက် ဆဲလ်ကွဲပြားခြင်းရဲ့အချိန်နှင့် လုပ်ငန်းစဉ်ရဲ့အရေးပါပုံတို့ကို တွက်ချက်ရန် ညွှန်းပြပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Dolly ကို Clone နိုင်ခဲ့ပါတယ်။ အရွယ်ရောက်ပြီးသား Finn Dorset ewe သိုးမျိုး ရဲ့ နို့ရည်ပြုဂလင်းဆဲလ်ကနေ Dolly ကို Clone ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=387,q=100/9b/9b36dab265e988b1f7f0184fac5313bf50789f82.png

Dolly ဟာ သူမမွေးဖွားပြီးနောက်ပိုင်းအသက်ရှည်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ခဲ့ပါတယ်။ နှလုံး၊ အသည်း၊ ဦးနှောက်နှင့်အခြားအင်္ဂါအစိတ်အပိုင်းအားလုံးဟာ အရွယ်ရောက်ပြီးသူ နို့ရည်ပြုဂလင်းဆဲလ်ရဲ့ nuclear DNA မှ ဆင်းသက်လာတာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Dolly ဟာ အဆုတ်ရောဂါခံစားနေရတာ ကိုတွေ့ရှိပြီးနောက် တိရိစ္ဆာန်ဆရာ၀န်များက သတ်ပစ်လိုက်ပါတယ်။ သူမရဲ့ရုပ်အလောင်းကို Edinburgh ရှိ Scotland အမျိုးသားပြတိုက်မှာထိန်းသိမ်းပြီးပြသထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/31/31145acadda0c2f8c950ddd3f3474ef50332d279.jpg

သတင်း အရင်းအမြစ်Britannica

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T