လွန်ခဲ့တဲ့ ၁၉၈၆ခုနှစ် လောက်က ယူကရိန်းနိုင်ငံ Pripyat မြို့က Chernobyl လို့ခေါ်တဲ့ စက်ရုံကြီးမှာ နျူ ကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒီ Pripyat မြို့ကိုတော့ ၁၉၇၀ ပြည့်နှစ်လောက်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်ချိန်က လူဦးရေ ငါးသောင်းခန့်လောက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ၁၉၆၈ ခုနှစ် နျူကလီးယား မတော်တဆမှုတစ်ခု အကြီးအကျယ် ဖြစ်ပွားခဲ့ချိန်မှာတော့ Pripyat မြို့မှာ နေထိုင်တဲ့ လူတွေအားလုံး အသက်လုပီး စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီမြို့ကြီးဟာ လူသူလုံးဝမရှိပဲ တိတ်ဆိတ်ခြောက်ကပ်တဲ့နေရာကြီး တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေတာလည်း ဖြစ်ပါတယ်။
၄င်းမြို့ကို သွားရောက်လည်ပတ်တဲ့ တချို့သူတွေရဲ့အဆိုအရ ဒီမြို့ကြီးမှာ နျူ ကလီးယားမတော်တဆမှုကြောင့် သေဆုံးသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကိုတွေ့ရှိခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။ နောက်ပိုင်းမှာတော့ ယူကရိန်း အစိုးရဟာ ဒီနေရာကြီးကို တားမြစ်နယ်မြေတစ်ခု အဖြစ်ပြုလုပ်လိုက်ပြီး ဘယ်သူမှမဝင်ရဘူးလို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း စွန့်စားသွားလာတဲ့ လူတချို့ကတော့ ဒီမြို့တော်ကြီးထဲကို ခိုးဝင်လာပြီး သရဲရှာဖွေရေးတွေကို ယနေ့တိုင် ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia