Social Media မှာ ကိုယ့်ကို ဘယ်သူတွေ ကြွေနေလဲဆိုတာ အလွယ်တကူသိနိုင်မယ့် အချက် (၅)ချက်

//s9.kh1.co/16/161e1af2f31462adcb0e2b94a4d432429cb2e040.jpg
ဗဟုသုတအဖြာဖြာ

 ១៤-កញ្ញា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

Social Media ပေါ်မှာ ကိုယ့်ကို ဘယ်သူတွေက သဘောကျနေလဲဆိုတာ..........

Social Media Trend ဖြစ်လာတဲ့ အခါမှာ လူတွေရဲ့ဆက်ဆံရေးပုံစံတွေဟာလည်း အသွင်ပြောင်းလဲသွားပါတယ်။ အရင်ကို ကိုယ့်ကိုကြိုက်နေတယ်ဆိုတာကို ရည်းစားစာပေးမှ သိနိုင်မယ့်အခြေအနေတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့် Social Media ပေါ်မှာ ကိုယ့်ကို ဘယ်သူတွေက သဘောကျနေလဲဆိုတာ သိနိုင်အောင်လို့ အလွယ်ကူဆုံး (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit from Google
Photo Credit from Google

၁။ Post တွေကို Like တွေပေးမယ်။

သူ့ကို သတိထားမိအောင်လို့ attention ယူတဲ့ အနေနဲ့ ကိုယ်ဘာတင်တင် တင်သမျှကို React လုပ်ပါလိမ့်မယ်။ နောက်ဆုံး တခြားသူရဲ့  post အောက်က comment ကို ပါ React လုပ်ပါလိမ့်မယ်။

၂။ Post အဟောင်းတွေကိုရှာပြီး Like တွေ Comment ပေးမယ်။

ကိုယ် Facebook စသုံးသုံးချင်းက တင်ထားတဲ့ ပုံတွေကို React ပေးမယ်။ Up တွေ လိုက်လုပ်ချင်လဲ လုပ်မယ်။ ဘာလို့လဲဆိုတော့ သူက ကိုယ့် Acc ကို အဆုံးထိဝင်ကြည့်တယ်ဆိုတာကို သိစေချင်လို့ ပါ။

Photo Credit from Google
Photo Credit from Google

၃။ ကိုယ့်ရဲ့  တင်သမျှ My day ကို react ပေးမယ်။

စကားလာမပြောရဲသေးတဲ့ လူအဖို့ကတော့ ကိုယ့်ရဲ့ My day တွေကို React မယ်။ နောက်တစ်ဆင့်အနေနဲ့ My day ကနေ reply ပြီး စကားလာပြောပါလိမ့်မယ်။

၄။ Emoji တွေအများကြီးသုံးမယ်

ကိုယ်က reply လုပ်လိုက်လို့စကားတွေစပြောကြပြီဆိုရင် သူ့ဘက်က emoji တွေအများကြီးသုံးပြီး စကားပြောနေပြီဆိုရင် ကိုယ်နဲ့စကားပြောနေရတာဟာ သူ့အတွက် စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေကြောင်းဖော်ပြနေပါတယ်။

Photo Credit from Google
Photo Credit from Google

၅။ ကိုယ်နှစ်သက်တယ်ပြောဖူးတာတွေကို မှတ်ထားလိမ့်မယ်။

ကိုယ် နှစ်သက်လောက်မယ့် ဟာသဗီဒီယိုလေးတွေရဲ့အောက်မှာ၊ ဒါမှမဟုတ် ကိုယ်လိုချင်တယ်ပြောဖူးတဲ့ ပစ္စည်းရဲ့အောက်မှာ၊ ဒါမှမဟုတ် ကိုယ်ကြိုက်တယ်ပြောဖူးတဲ့ အရာတွေ Promotion ချတဲ့အခါမှာ သူကိုယ့်ကို mention ခေါ်ပြီးပြောပါလိမ့်မယ်။ ဒါမှမဟုတ် တင်ထားတဲ့ post ကို attachment တွေ ပို့ပေးပါလိ့မယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T