Heracleion မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝဝ ကျော်လောက်ထဲက ရေအောက်ထဲမှာ နစ်မြုပ် ပျောက်ဆုံးသွားခဲ့တာလို့ ယူဆထားကြတဲ့မြို့တော်တစ်ခုပဲ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ဒီမြို့ကြီးကိုတော့ ပြင်သစ်နိုင်ငံက Marine Archaeologist တစ်ဦးဖြစ်တဲ့ Franck Goddioဟာ Nile မြစ်ထဲမှာ ပြန်လည်တူးဖော်တွေ့ ရှိခဲ့ပါတယ်။
Franck ဟာ စစ်ဘုရင်နပိုလီယံရဲ့ ၁၇၉၈ခုနှစ် တိုက်ပွဲမှာ Nelsonကို အရေးနိမ့်ပြီး ရှုံးခဲ့တဲ့အချိန်က စစ်သင်္ဘောတွေကို ရေအောက်မှာ တူးဖော်ရှာဖွေရာကနေ ဒီမြို့တော်ကြီးကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုထဲမှာ ၁၆ ပေအထိမြင့်တဲ့ ရုပ်တုတွေနဲ့ အခြားသော အီဂျစ်နတ်ဘုရားရုပ်တု အသေးစားလေးတွေကို ပါတွေ့ရှိခဲ့သလို ရှေးဟောင်းအမွေအနှစ်တော်တော်များများကိုပါ တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် သမိုင်းအထောက်အထားအခိုင်အလုံနဲ့ရှိခဲ့တဲ့ အီဂျစ်နတ်ဘုရားမ Isisနဲ့ နတ်ဘုရား Hapi တို့ရဲ့ရုပ်တုတွေ၊ ရွှေဒင်္ဂါးတွေအပြင် ကျောက်စာတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်တုတွေနဲ့ ကျောက်စာတွေကို စမ်းသပ်စစ်ဆေးမှုအရတော့ မြို့တော် Heracleion ဟာ ဘီစီ ၆ရာစု သို့မဟုတ် ၇ ရာစုလောက်ထဲက ရေအောက်ကို ရောက်ရှိပျောက်ဆုံးသွားခဲ့တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။
သတင်း အရင်းအမြစ်៖ atlasobscura and wikipedia