ဇာတ်တူသားကိုစားသုံးပြီး ယနေ့ချိန်ထိ လွတ်လွတ်လပ်လပ် သွားလာနေတဲ့ ဂျပန်နိုင်ငံက လူသတ်သမား

//s9.kh1.co/c5/c587b341fa743fad822b6bf64ff8316e56bd64d2.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

၁၉၈၁ ခုနှစ်တုန်းက ဂျပန်လူသတ်သမားဖြစ်တဲ့ Issei Sagawa “ Kobe Cannibal ” ဟာ သူရဲ့သူငယ်ချင်းဖြစ်တဲ့ Renée Hartevelt ကိုသတ်ပြီး စားသောက်ခဲ့ပါတယ်။ သူရဲ့ခုလို လုပ်ရပ်ဟာ သူ့အတွက်တော့ ၃၂ နှစ်ကြာအိမ်မက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ Sagawa ကိုဂျပန်နိုင်ငံ၊ Kobe တွင်မွေးဖွားခဲ့ပြီး သူပြစ်မှုကျူးလွန်တဲ့အချိန်က ပြင်သစ်မှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ သူပြစ်မှုကျူးလွန်ပြီးနောက် သိပ်မကြာခင်မှာပဲ အဖမ်းခံခဲ့ရပြီး တရားရုံးကသူ့ကို ဂျပန်နိုင်ငံပြန်ပို့ပြီး စိတ်ရောဂါကုဆေးရုံးကို ပို့ဖို့ ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရောက်တဲ့အခါမှာ သူကိုယ်တိုင် စိတ်ရောဂါရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီးနောက် ယနေ့ချိန်ထိ သူဟာ လွတ်လပ်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/42/427c19d326f91ea26da0e35c8cc40ce497333c17.jpeg
Renée Hartevelt ရဲ့ အစိတ်အပိုင်းများပါရာ အိတ်
Renée Hartevelt ရဲ့ အစိတ်အပိုင်းများပါရာ အိတ်

ဒီနှစ်တွေမှာ သူဟာ သူရဲ့ပြစ်မှုကို ထပ်မကျူးလွန်ပဲ နေနိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အနည်းငယ် နာမည်ကြီးလာသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ မကြာခဏဆိုသလို စကားပြောအစီအစဉ်တွေမှာပါတက်ပြီး သူရဲ့ဖြစ်ရပ်ကို Manga ၀တ္ထု နဲ့ သရုပ်ဖော်ရေးသားခဲ့ပါသေးတယ်။ သူဟာ သရုပ်ဆောင်တွေကို ကိုက်တဲ့ soft-core porn reenactments မှာတောင် သရုပ်ဆောင်ဖူးပါတယ်။ သူရဲ့ဘ၀တောက်လျှောက်လုံးလည်း သူဟာနောင်တမရခဲ့ပါဘူး။ သူရဲ့ပြစ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာလည်း သူကိုသူ ကမ္ဘာပေါ်မှာ သဘာ၀အဆန်ဆုံးဆိုပြီး ယုံကြည်ခဲ့ပါသေးတယ်။ အဲ့အပြင်သူဟာထပ်ပြီး ကျူးလွန်ဖို့တောင် ကြံနေပါသေးတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/84/849faa002469b7df166689a3c64981c663dd7319.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/88/883c1904c94260ee9dfba7bbd90309226a5bd8bf.jpg

သူဟာ ၁၅ နှစ်ကတည်းက လူသားစားလိုစိတ်ကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ပုံမှန်သူတွေ မိန်းကလေးတစ်ယောက်ကိုမြင်ရင် နမ်းချင် ဖက်ချင် ကြပေမယ့် သူ့အတွက်ကတော့ စားချင် သောက်ချင်ဖို့ပဲ တွေးနေမိတယ်ဆိုပြီး ‌သူကိုယ်တိုင် သူ့ရောဂါကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်အတောအတွင်းမှာတော့ သူ့အနေနဲ့ လူသားစားလိုစိတ်တွေမရှိပါဘူး။ သူဟာ ဂျပန် မဂ္ဂဇင်းဖြစ်တဲ့ Spa အတွက် စားသောက်ဆိုင် Review တွေရေးပေးပါတယ်။ ယနေ့ချိန်ထိ သူဟာ စာအုပ်ပေါင်း ၂၀ကိုလည်း ထုတ်ဝေထားပြီး နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်နာမည်က " လှပသောမိန်းကလေးများ၏အလွန်ရင်းနှီးသောစိတ်ကူးယဉ်မှုများ " လို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ သူဆွဲထားတဲ့ပုံတွေအပြင် နာမည်ကြီး Artist တွေဆွဲထားတဲ့ပုံတွေနဲ့ ပြည့်နေပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/ed/edcef88270cc36131044cd82986d68a7923d209e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7e/7e9fcd984421f923063eb8bd9062b043984780e5.jpg

" ဒီစာအုပ်ကို ဖတ်တဲ့သူတွေအနေနဲ့ ကျွန်တော့်ကို မကောင်းဆိုးဝါးတစ်ယောက်အနေနဲ့ မြင်တာရပ်မယ်လို့ မျှော်လင့်မိပါတယ် " ဆိုပြီးသူဟာ ပြောပြခဲ့ပါတယ်။ Sagawa ဟာ ဆီးချိုရောဂါသည် တစ်ယောက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းကလည်း နှလုံး နှစ်ခါ ဖောက်ခဲ့ဖူးပါတယ်။ ယခုချိန်မှာ သူဟာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး သူရဲ့ညီနဲ့အတူ Tokyo မှာနေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ပြင်သစ်ရုပ်ရှင်ရိုက်သမားတစ်ယောက် သူတို့ညီအစ်ကိုနှစ်ယောက် စကားပြောနေတာကို ရိုက်ကူးခဲ့မိပါတယ်။ အဲ့ဒီရိုက်ကူးမှုထဲမှာ ညီဖြစ်သူဟာ " မင်းရဲ့ညီဖြစ်သူအနေနဲ့ ငါ့ကိုစားမှာလား " ဆိုပြီး မေးခဲ့ပါတယ်။ Sagawa ကတော့ စိုက်ကြီးပြီး ဘာမှပြန်မပြောခဲ့ပါဘူး။

သတင်း အရင်းအမြစ်allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T