Apollo 11 မှာ ပါ၀င်ခဲ့ပေမယ့်လည်း လပေါ်လမ်းမလျှောက်ခဲ့တဲ့ တစ်ဦးတည်းသောလူသား

//s9.kh1.co/01/01a2b7ae527eb4b43b3792d646fffb6143c4daa5.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Michael Collins ကို " သမိုင်းတောက်လျှောက် အထီးကျန်ဆုံး လူသား " အဖြစ်လည်း သိရှိကြပါတယ်။ သူဟာ Apollo 11 မှာပါခဲ့တဲ့ အာကာသယာဉ်မှူးဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို အမေ့ခံရလေ့ရှိပါတယ်။ အကြောင်းကတော့ သူ့ရဲ့အတူပါတဲ့ အာကာသယာဉ်မှူးတွေ လပေါ်ကို ပထမဆုံးခြေလှမ်းချနေစဉ် သူက Apollo 11 ပေါ်မှာ ကျန်နေခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် လပေါ်ဆင်းသက်ပြီးနောက် Collins ဟာ Apollo 11 ပေါ်မှာ ပါ၀င်ခဲ့တဲ့ Neil Armstrong နဲ့ Buzz Aldrin တို့လိုမျိုး နာမည်သိပ်မရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=511,q=100/2f/2fa36c5a14d921db2f0fee0906ca5ad3c209f7d0.jpeg
https://s9.kh1.co/__image/w=636,h=477,q=100/c7/c7ec25318a3e154b41982afa7fa153aef1b1d65f.jpg

ဘာကြောင့်လဲဆိုတော့ Collins ဟာ အာကာသယာဉ်ကိုမောင်းနှင်ရန်အတ‌ွက် ကျန်ခဲ့ပြီး တခြားအာကာသယာဉ်မှူးတွေကတော့ သမိုင်းမှာ အထင်ရှာဆုံးပုံရိပ်တွေထဲက တစ်ခုဖြစ်တဲ့ လပေါ်လမ်းလျှောက်နေခဲ့ကြပါတယ်။ လပေါ်ဆင်းသက်ပြီးနောက် Collins ဟာ Presidential Medal of Freedom ဆု၊ အရပ်သားအမြင့်ဆုံးဂုဏ်ပြုဆုနှင့် United States Astronaut Hall of Fame မှာ ထည့်သွင်းချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၇၀ မှာ Collins ဟာ NASA ကနေအနားယူခဲ့ပြီး သူရဲ့အတွေ့အကြုံတွေနဲ့ သူဟာ Smithsonian National Air နဲ့ Space Museum အတွက် အစောပိုင်းဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ပြီး ဝါရှင်တန်ဒီစီရှိအဆောက်အအုံတည်ဆောက်မှုကိုလည်း ကြီးကြပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e9/e954077d2fc21e6931ccb7434524b40eedf19306.jpg

၁၉၇၆ခုနှစ်မှာ ဖွင့်ခဲ့တဲ့အခါမှာတော့ ကမ္ဘာ့နာမည်အကြီးဆုံးပြတိုက် တစ်ခုဖြစ်ခဲ့ပါတယ်။ Collins ဟာ သိပ်မကြာသေးခင်လက အသက် ၉၀ မှာပဲ သေဆုံးခဲ့ပါတယ်။ မိသားစုရဲ့ပြောကြားချက်အရ သူဟာ ကင်ဆာနဲ့မသေဆုံးခင်မှာ သူ့ရဲ့နားမှာ မိသားစုတွေအကုန် ရှိနေပေးခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ အထီးကျန်ဆုံးလူသားဖြစ်ပေမယ့်လည်း သေဆုံးခါနီးမှာ မိသားစုတွေနဲ့အတူ ရှိနေခဲ့တာ သူ့အတွက်တော့ ကျေနပ်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ Apollo 11 ပေါ်မှာပါခဲ့တဲ့ သူတွေထဲမှာ Buzz Aldrin တစ်ယောက်ပဲ အသက်ရှင်ကျန်နေခဲ့ပြီး သူ့အသက်ဟာ ၉၁ နှစ် ရှိပြီဖြစ်ပါတယ်။ လပေါ်သို့ခရီးစဉ်အတွင်း Collins ရိုက်ထားတဲ့ ဓာတ်ပုံဟာ လေ့လာရေးခရီးမှာ အထင်ရှားဆုံးပုံရိပ်များထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ba/ba8f08071db75c654a373a20ef65076f403dadae.jpg
အထင်ရှားဆုံး ပုံရိပ်များထဲမှ တစ်ခု
အထင်ရှားဆုံး ပုံရိပ်များထဲမှ တစ်ခု

သတင်း အရင်းအမြစ်Forbes

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T