ဘဲတွေမိတ်လိုက်နေတာကို လေ့လာနေစဉ်အတွင်း လူစကားပြောမိတာကို အသံသွင်းမိနိုင်ခဲ့တဲ့ ရုပ်သံ

//s9.kh1.co/f4/f450afb66948dc426151b6a353ff0f02d36bf877.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဩစတေးလျက musk ဘဲတစ်ကောင်ဟာ လူစကားပြောတဲ့ အသံထွက်တာကို အသံသွင်းမိနိုင်ခဲ့ပါတယ်။ တနင်္လာနေ့တုန်းက Ripper အမည်ရှိ ဘဲတစ်ကောင် မိတ်လိုက်နေတာကို ပညာရှင်တွေလေ့လာနေစဉ်အတွင်း ခုလို အသံထွက်တာကို အသံသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ခုလိုမျိုး ဒီဘဲတစ်ကောင်အနေနဲ့ စကားပြောတာဟာ သူ့သခင်ဆိက သင်ယူထားတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/37/371c4d6f45fc285055eba22bb8b10c8ccac40a06.jpg
https://s9.kh1.co/__image/w=650,h=488,q=100/9c/9c18aea1b0e5e113e1b548c1e1672d0415180d11.jpg

" ဒီဩစတေးလျ Musk ဘဲတွေဟာ မထင်ထားမိတဲ့အရာကို ပြုလုပ်ခဲ့နိုင်ခဲ့ပြီး အထင်ကြီးစရာကောင်းတဲ့ အသံသင်ယူစွမ်းရည်ကို ပြသနိုင်ခဲ့တာပဲ " လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။ Ripper က တံခါးအဖွင့်အပိတ်အသံကို ဘယ်လိုတုပခဲ့တယ်ဆိုတာကိုလည်း ပညာရှင်တွေ အသေးစိတ်ဖော်ပြခဲ့ပါတယ်။ မွေးမြူထားတဲ့ ဘဲများနှင့်ငန်းမျိုးစိတ်များစွာ ရှိပေမယ့် လူသားအသံများကို တုပနိုင်တဲ့စွမ်းရည်ကို မတွေ့ရသေးကြောင်း လေ့လာရေးသမား Carel ten Cate ကပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/db/db5ed83b0bd3ab5ac2ba4b42f9aee99c12522dc7.jpg
https://s9.kh1.co/__image/w=650,h=407,q=100/6a/6a5f9d4ad653859917282f99226fc9a9156b3005.jpg

“ ဒီအသံတွေကို တုပနိုင်တဲ့စွမ်းရည်ရှိတဲ့ မျိုးစိတ်တစ်ခုကိုတွေ့ရတာ ထူးခြားတယ် ” လို့သူကပြောခဲ့ပါတယ်။ လူစကားပြောတက်တဲ့ တခြားငှက်တွေတော့ရှိပေမယ့် ဒီလိုဘဲတစ်ကောင်ကနေ ခုလိုအသံထွက်တာ ပထမဆုံးဖြစ်ကြောင်း ten Cate ကပြောခဲ့ပါတယ်။ သူကတော့ နယ်သာလန်နိုင်ငံ၊ Leiden တက္ကသိုလ်၊ Ledien ရှိ ဇီဝဗေဒဌာန တိရစ္ဆာန်အမူအကျင့်ဆိုင်ရာသုတေသီ ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ " ဒီအသံက လူတစ်‌ေယာက်ရဲ့အသံအတိအကျမဟုတ်ပါဘူး ဒါပေမယ့် အလွန်တူတဲ့အသံပါ " ဆိုပြီ ပြောခဲ့ပါသေးတယ်။ Australian Musk ဘဲ ဆိကထွက်လာတဲ့ အသံကတော့ 'You bloody fool' ဆိုပြီးပဲဖြစ်ပါတယ်။ ဒီအသံကို ဖမ်းမိခဲ့တဲ့အချိန်မှာ ပညာရှင်တွေဟာ ဘဲတွေ မိတ်လိုက်နေတာကို လေ့လာနေခဲ့တာပါ။

သတင်း အရင်းအမြစ်Allthatsinteresting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T