D-Day လို့ခေါ်ရတဲ့ အကြောင်းအရင်းနှင့် ရှေ့က " D " ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပာယ်

//s9.kh1.co/b2/b25645a83f8df65c9c48bd10559990cacc0f6ced.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၄၄ ခုနှစ်ဇွန်လ ၆ ရက်‌ေန့ နံနက်တွင် မဟာမိတ်တပ်ဖွဲ့များဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေများ‌ေပါ်တွင် ဂျာမန်တွေကိုအကြီးအကျယ် ချေမှုန်းခဲ့ကြပါတယ်။ အဲ့ဒီကျူးကျော်တိုက်ခိုက်မှုကြီးကို D-Day လို့လူသိများကြပေမယ့် ရှေ့က " D " ရဲ့အဓိပ္ပာယ်ကို မသိကြတဲ့ သူတွေ ရှိပါတယ်။ လူအများစုကတော့ " Day " လို့သာ သတ်မှတ်ကြပေမယ့် တချို့ကတော့ " Departure " (သို့) " Decision " (သို့) " Doomsday " စသဖြင့် အမျိုးမျိုး သတ်မှတ်ကြပါတယ်။

https://s9.kh1.co/__image/w=640,h=514,q=100/68/685103b230af619c4f9b05fe4326297e02f035e3.jpg

အမေရိကန်စစ်တပ်ရဲ့ အဆိုအရတော့ “ D-Day” ဟာ သီးခြားစစ်မြေပြင်စစ်ဆင်ရေးများအတွက် စတင်မည့်ရက်ကို ညွှန်ပြရန်အသုံးပြုသော စစ်တပ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး D-Day က "D" ဟာ ဘာကိုမှ မဆိုလိုပါဘူး၊ ပြက္ခဒိန်တွင် နေ့တစ်နေ့ကို သတ်မှတ်ရန်သုံးနှုန်းတဲ့ အသုံးအနှုန်းသာဖြစ်ပါတယ်။ စစ်တပ်ဟာ လုပ်ဆောင်မှုစတင်မည့် D-Day နေ့အချိန်ကို ရည်ညွှန်းရန် H-Hour ဆိုတဲ့ စကားလုံးကိုလည်း သုံးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=524,q=100/05/05f29185aff26ba02aa6371473c6b7f5ebaf81cd.jpg

ဒီစာတိုတွေဟာ စစ်ဆင်ရေးလုပ်ဆောင်မယ့်ရက်များကို ရန်သူလက်ထဲသို့ မကျရောက်စေရန် ကာကွယ်ပေးခဲ့ပါတယ်။ အဲ့အပြင် တိုက်ခိုက်မှုစတင်မည့်ရက်ကို မဆုံးဖြတ်ရသေးတဲ့အခါမှာလည်း အသုံးဝင်ပါသေးတယ်။ စစ်ရေးစီစဉ်သူများဟာ D-Day (သို့) H-Hour မတိုင်မီ ဒါမှမဟုတ် အပြီးမှာ ဖြစ်ပျက်မယ့် မည်သည့်နေ့ရက်ကိုမဆို သတ်မှတ်ရန် pluses ( + ) နှင့် minuses ( - ) စနစ်ကိုသုံးပါတယ်။ ဥပမာအားဖြင့် D+2 သည် D-Day အပြီးနှစ်ရက်၊ H-1 သည် H-Hour မတိုင်မီတစ်နာရီလို့ ရည်ညွှန်းပါတယ်။ ဒီအချက်များကြောင့် သူတို့ရဲ့ စစ်ဆင်ရေးစတင်မည့်ရက်ကို မသိခဲ့ရင်တောင် သူတို့ရဲ့လုပ်ငန်းများကို အချိန်မှီထိရောက်စွာ ပြုလုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=474,q=100/28/285f122b2d1c6282908f14d9abb041cbfd8bc613.jpg

ဒီစာတိုများကို ပထမကမ္ဘာစစ်မှာလည်း အသုံးပြုခဲ့ပါသေးတယ်။ စက်တင်ဘာ ၁၉၁၈ ခုနှစ်က အမေရိကန်ရဲ့ အမိန့်စာတစ်ခုအရ " “ ပထမတပ်မတော်သည် D-Day မှာ H-Hour တွင် St. Mihiel ကိုဘေးလွတ်ရာသို့ ကယ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ တိုက်ခိုက်မည် " ဆိုပြီး အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။ တခြားနိုင်ငံများ‌တွင်လည်း ကိုယ်ပိုင်စာတို ရှိကြပါတယ်။ အဲ့တာကတော့ ပထမကမ္ဘာစစ်တွင် ပြင်သစ်တို့သည် ကုတ်နံပါတ်ရက်စွဲ “ le Jour J” ကိုသုံးခဲ့သလို ဗြိတိသျှတို့ဟာလည်း သူတို့ရဲ့ စစ်ဆင်ရေးစတင်ချိန်ကို Z-Day နှင့် Zero Hour ဟုခေါ်ဝေါ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f1/f191884d8e2a969c5a5d7f656fdd07a3236314bf.jpg
https://s9.kh1.co/__image/w=620,h=400,q=100/b6/b6d62044fd6d452ad39b0842e3e4ac64714e2f86.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T