သံပုယိုသီးကို အိပ်ရာဘေးမှာ ထားအိပ်သင့်ရတဲ့အကြောင်းအရင်းနှင့် တခြားအကျိုးကျေးဇူးများ

//s9.kh1.co/a8/a8b41069a747621707b1c7d0d9cb1e8caf156207.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဗီတာမင် စီ ပေါကြွယ်ဝတဲ့ သံပုယိုသီးတွေဟာ လူသားတွေအတွက် အကျိုးကျေးဇူးအများကြီး ရှိစေတယ်ဆိုတာ ပရိသတ်ကြီးလည်း သိရှိမယ်ထင်ပါတယ်။ အဆီချဖို့အတွက် ရေနွေးနဲ့သောက်ကြသလို၊ ဟင်းထဲမှာလည်း ထည့်ချက်ကြပါတယ်။ နောက်ထပ် သံပုယိုသီးရဲ့အသုံးဝင်ပုံတွေကိုလည်း အောက်မှာဖော်ပြလိုက်ပါတယ်။

၁- အပန်းပြေ

https://s9.kh1.co/__image/w=650,h=488,q=100/e1/e1036c8a035937289b3844e2aec1dccd12c9172b.jpg

သံပုယိုသီးကို ခြမ်းပြီးအိပ်ရာဘေးမှာထားအိပ်တဲ့အခါ စိုးရိမ်မူတွေကိုလျော့ကျစေပြီး ခက်ခဲတဲ့နေ့တစ်နေ့တာပြီးတဲ့နောက် မော်ပန်းတင်းကျပ်မူတွေကို သက်သာစေပါတယ်။

၂- အာရုံစူးစိုက်မူ နဲ့ စိတ်ဝင်စားမူ တိုးတက်

https://s9.kh1.co/__image/w=650,h=488,q=100/b8/b819f50e7455ef668de9abe656d917b50770d6f4.jpg

သံပုယိုသီးတွေမှာ သိပ်အံ့ဩစရာကောင်းတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ သံပုယိုသီး ရဲ့အနံ့ကို နေ့တိုင်း ရှုရှိုက်ခြင်းက စိတ်အာရုံစိုက်ရတဲ့ လူပ်ရှားမူတွေမှာ ပိုအာရုံစိုက်လာနိုင်ပြီး မှတ်ဉာဏ်ပိုတိုးစေပါတယ်။ အလုပ်ခွင်တွေမှာတောင် လူတွေဟာ သံပုယိုသီးအနံ့ရှိနေရင် အမှားနည်းတယ်လို့ဆိုပါတယ်။ ဒါကိုတော့ ဂျပန်သိပ္ပံပညာရှင်တွေ သက်သေပြခဲ့တာဖြစ်ပါတယ်။

၃- စိတ်ခံစားမူ တိုးတက်

https://s9.kh1.co/__image/w=650,h=341,q=100/25/2504c4294c284fd5286aa49cc36928495af52175.jpg

သံပုယိုဆီကို စိတ်ဓာတ်ကျခြင်း အတွက် ကောင်းမွန်သော ဆေးဝါးတစ်ခုအဖြစ် သတ်မှတ် ကြပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျခြင်းအတွက် တချို့ဆေးတွေအလုပ်မဖြစ်တဲ့အခါ သံပုယိုဆီကို အသုံးပြုလေ့ရှိပါတယ်။

၄-ရောဂါပိုး မဖြစ်ထွန်း

https://s9.kh1.co/__image/w=650,h=477,q=100/b8/b8e5562218323b600b92e10cea8d2171bbf16d21.jpg

အိပ်ခန်းအတွင်းမှာသံပုယိုသီးကို ခြမ်းထားရင် ဘက်တီးရီးယားတွေပေါက်ဖွားမူကို ကာကွယ် ပေးနိုင်ပါတယ်။ အခန်းအတွင်း လေကိုလည်း ကောင်းကောင်းသန့်စင်ပေးနိုင်ပါတယ်။

၅- သွေးပေါင်ချိန်

https://s9.kh1.co/__image/w=650,h=365,q=100/df/df987396c2878bcf074f5fbe0bdb9717fd1b5a1b.jpg

အသက်ကြီးလာတဲ့လူအများစုဟာ သွေးတိုးရောဂါရှိတတ်ကြပါတယ်။ သံပုယိုသီးအနံ့ကတော့ သွေးပေါင်ကျစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

၆- အင်းဆက်ကာကွယ်

https://s9.kh1.co/__image/w=650,h=440,q=100/cf/cfafdeb9d4c39deeb693700b2c4f14c846d20a77.jpg

ပုရွက်ဆိတ်၊ ခြင် နဲ့အခြားသောအင်းဆက်တွေကို အိမ်အတွင်းမှာမနေစေချင်ရင် သံပုယိုသီးကို ခြမ်းပြီး လေးညှင်းပွင့်လေးတွေ ထိုးစိုက်ထားနိုင်ပါတယ်။

သတင်း အရင်းအမြစ်Inktel

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T