လမစေ့ဘဲ မွေးခဲ့တာကြောင့် အသက်ရှင်ဖို့ သုညရာခိုင်နှုန်းသာရှိပြီး လက်ဖဝါးလောက်သာရှိတဲ့ ကလေးငယ်ရဲ့ ပျော်ရွှင်စရာ ဖြစ်ရပ်

//s9.kh1.co/c5/c5192fb4f127d440a626d085f086c893b52703a9.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Beth နဲ့ Rick Hutchinson တို့ဟာ သူတို့ရဲ့သားလေးကို ကမ္ဘာပေါ်ကနေ ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကြိုဆိုခဲ့ကြပါတယ်။ အဲ့တုန်းက ကလေးလေးဟာ သေးလွန်တာကြောင့် လက်ဖဝါးပေါ်မှာတောင် ထည့်ထားနိုင်ပါတယ်။ ကလေးရဲ့အလေးချိန်ကတော့ ၃၄၀ဂရမ် ( ၁၁.၉ အောင်စ ) လောက်ပဲရှိတာကြောင့် ပျမ်းမျှကလေးတစ်ယောက်ရဲ့ အလေးချိန် ၁၀ ပုံ တစ်ပုံ သာရှိပါတယ်။ မိဘဖြစ်သူတွေကတော့ သူတို့ကလေးအပေါ် စိုးရိမ်နေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/59/5913fe173ef411a28b351e4533fd8a36903fffbf.jpg
https://s9.kh1.co/__image/w=650,h=434,q=100/82/826525fda179132fa6d62e8f4d3c9cd7429b5fbb.jpg

ဆရာ‌၀န်တေ‌ွဟာလည်း သူတို့ကို အဆိုးရွာဆုံးအခြေအနေတေ‌ွအတွက် ပြင်ဆင်ထားဖို့တောင်ပြောခဲ့ပါတယ်။ " Rick နဲ့ Beth တို့ကိုလည်း ကလေးစောစောမွေးခဲ့တာကြောင့် ကလေးအသက်ရှင်ဖို့ သုညရာခိုင်နှုန်းသာရှိကြောင်း ပြောခဲ့ပါတယ် " ဆိုပြီး ကလေးဖြစ်သူ Richard ကိုမွေးပေးခဲ့တဲ့ Dr Stacy Kern ကပြောခဲ့ပါတယ်။ " Richard ရဲ့ ပထမဆုံးအပတ်အနည်းငယ်လောက်ကတော့ သူ့အတွက်ခက်ခဲနေမယ်ဆိုတာ ကျွန်တော်သိနေပါတယ်၊ ဒါပေမယ့် သူသာ အဲ့အခ‌ျိန်တွေကို ကျော်ဖြတ်နိုင်ရင် သူအသက်ရှင်နိုင်မှာပါ " ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5e/5e38cac18bf5b38e054987a95dde676b71a98a3b.jpg
https://s9.kh1.co/__image/w=400,h=600,q=100/2b/2bcd6f3bcf1ed4442c68e529514b34f03984c9e0.jpg
https://s9.kh1.co/__image/w=400,h=600,q=100/8b/8bccb362a88d43b527ff01f6baf70c248cab9421.jpg

Richard ကို ကိုယ်၀န် ၂၁ပတ် ၂ရက်နဲ့ မွေးဖွားခဲ့တာကြောင့် သူဟာ ၁၃၁ ရက် စောမွေးလာတာဖြစ်ပါတယ်။ ကလေးတစ်ဦးအတွက် ပုံမှန်ကိုယ်ဝန်ဆောင်ချိန်ကတော့ ရက်သတ္တပတ် ၄၀ ဖြစ်ပါတယ်။ ဒါပေမယ့်၂၀၂၁ ခုနှစ် ဇွန်လ ၅ရက်နေ့မှာ သူရဲ့ ပထမဆုံးမွေးနေ့ပွဲကုိ ပြုလုပ်နိုင်ခဲ့ပါတယ်။ Richard အတွက်တော့ ဒါဟာ ဘာနဲ့မှ မန‌ှိုင်းနိုင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ Guinness World Records အတွက်လည်း လမစေ့ပဲ မွေးပြီး အသက်ရှင်တဲ့ ကလေးတွေထဲက တစ်‌ေယာက်အဖြစ် ထင်မှတ်စေခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်သုံးခုခွဲကြာ ရပ်တည်ခဲ့တဲ့ စံချိန်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ အရင်က ဒီစံချိန်ပိုင်ဆိုင်ထားတဲ့ ကလေးကတော့ James Elgin Gill ဖြစ်ပြီး သူ့ကို Brenda နှင့် James Gill တို့က မွေးဖွားခဲ့ပါတယ်။ မွေးချိန်မှာ ၂၁ ပတ် ၅ ရက်၊ သို့မဟုတ် ၁၂၈ ရက်မတိုင်မီ ၁၉၈၇ ခုနှစ်မေလ ၂၀ ရက်နေ့တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d2/d2663b21743e04cd5e84a50e99648b9de5016d18.jpg
https://s9.kh1.co/__image/w=400,h=600,q=100/c8/c80850efbe8ec608f9c894ac5435f5607a7dc0c6.jpg
https://s9.kh1.co/__image/w=400,h=600,q=100/54/543b369da374d3a4b42178c91f56bcf6859fbeeb.jpg
https://s9.kh1.co/__image/w=400,h=600,q=100/1d/1d88ab3d265c0d9a8b4cdeb789fa264c4019e670.jpg

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T