လူတိုင်းမှာ သူများနဲ့မတူ တမူးထူးခြားတဲ့ ပါရမီတွေရှိတက်ကြပါတယ်။ စာဖတ်သူတွေလည်း America's Got Talents လိုပွဲတွေကို ကြည့်ဖူးကြမှာပါ။ ကြည့်ဖူးတဲ့သူတိုင်း အံ့ဩစရာကောင်းလောက်အောင် တွေ့ရှိကြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ကမ္ဘာကျော် Celebrity တွေမှာလည်း သူမတူအောင် အံ့ဩစရာကောင်းလှတဲ့ ပါရမီတွေ ရှိပါတယ်။ တချို့Talents တွေက ကြောက်စရာကောင်းပြီး ( အဆိုတော် Kesha ဟာ လူသွားတွေရဲ့ Art ဖန်တီးနိုင်ပါတယ် ) တချို့ကတော့ ထူးဆန်ကာ ( Ellen Page ဟာ လိမ္မော်သီးတွေနဲ့ ကစားနိုင်ပါတယ် ) အမျိုးမျိုး ရှိတက်ကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာကျော် Celebrity တွေရဲ့ Talent တွေကိုဖော်ပြပေးလိုက်ပါတယ်။
Margot Robbie — Tattoo Artist

အားလုံးသိကြတဲ့ Harley Quinn သရုပ်ဆောင် Margot Robbie ဟာ Suicide Squad ရိုက်ကူးနေစဉ် သူမရဲ့ ရုပ်ရှင်အဖွဲ့သားများကို တက်တူးထိုးပေးရင်း သူငယ်ချင်းသံယောဇဉ်တွေ တိုးခဲ့ပါတယ်။ ယနေ့ချိန်ထိသူမဟာ တက်တူးပေါင်း ၁၀၀ ကျော်ထိုးခဲ့ပေးဖူးပြီး တက်တူးတွေက ဆိုးသထက်သာ ဆိုးလာတယ်လို့ သူမကပြောပြခဲ့ပါတယ်။ အနည်းဆုံးတော့ သူမဟာ သူမရဲ့တက်တူးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းပါသေးတယ်။

Angelina Jolie — Master Knife-Thrower

Angelina Jolie အကြောင်းကို သေသေချာချာသာ သိမယ်ဆိုရင် သူမမှာ သူများနဲ့မတူ အန္တရာယ်များပြီး ကြောက်ဖို့ကောင်းတဲ့ ဝါသနာတစ်ခုရှိပါတယ်။ သေချာတာကတော့ သူမရဲ့ Talent ကို တခြားနာမည်ကြီးတွေ အပေါ်လည်း ပြုလုပ်ပြဖူးလောက်ပါတယ်။ သူမဟာ Tomb Raider ရိုက်ကူးနေစဉ်အတွင်း ဓါးပေါက်တာနဲ့ပတ်သက်ပြီး အကုန်လေ့လာနိုင်ခဲ့ကာ ငယ်စဉ်ကတည်းက သူမဟာ လက်နက်တွေကို စုဆောင်း တက်ပါတယ်။ တစ်ခါက Jolie ဟာ The Conan O'Brien Show မှာ သူမရဲ့ ဓါးကျွမ်းကျင်မှုကို ပြသခဲ့တာကြောင့် ပရိသတ်တွေအားလုံး အသံတိတ်သွားခဲ့ရပါတယ်။ သူမရဲ့ ဓါးကျွမ်းကျင်မှုကတော့ အံ့မခန်းပါပဲ။

Justin Bieber—Master of the Rubik's Cube

Justin Bieber အနေနဲ့ Rubik's cube ကိုဖြေရှင်းချိန် နှစ်မိနှစ်ဟာ ကမ္ဘာ့စံချိန် ၄.၆၉ စက္ကန့်ထက် များပေးမယ့်လည်း သူ့အနေနဲ့ ခုလို Puzzle ကို လျင်မြန်စွာ ဖြေရှင်းနိုင်တာဟာ အံ့ဩစရာကောင်းနေတုန်းပါပဲ။ Rubik's Cube ကို သာမာန်လူတစ်ယောက်အနေနဲ့ ဖြေရှင်းချိန်ဟာ နှစ်မိနစ်ထက် ကြားနိုင်ပါတယ်။

Taylor Swift—Jam and Jelly Maker

Pop Queen တစ်ယောက်ဖြစ်တဲ့ Taylor Swift ကတော့ သူမရဲ့သူငယ်ချင်းတွေအတွက် ချိုမြိန်တဲ့ ကြင်နာမှုတွေပေးနိုင်ပါတယ်။ သူမဟာ ခရစ္စမတ်သစ်ပင်စိုက်ခင်းတွင် ကြီးပြင်းလာသူဖြစ်ပြီး အားလပ်ရက်များအတွက် အမေ ဂျယ်လီပြုလုပ်နေပုံကို သူမဟာ အမြဲကြည့်နေခဲ့ပါတယ်။ အဲ့ဒီကနေစပြီ သူမဟာ Jelly နဲ့ Jem ပြုလုပ်ရတာကို ဝါသနာပါလာပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေကိုလည်း သူမရဲ့ Jelly တွေ Jem တွေကို ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။

သတင်း အရင်းအမြစ်៖ Best Life