စပိန်နိုင်ငံသားတစ်ယောက်ဟာ မက်ဒရစ်မြို့ရှိသူတို့တိုက်ခန်းမှာ အမေဖြစ်သူကိုသတ်ပြီး စားသောက်ခဲ့တာကြောင့် သိပ်မကြာသေးခင်လက သူရဲ့ အမှုကို စတင်စစ်ဆေးခဲ့ပါတယ်။ ဖြစ်ပုံမှာ Alberto Sanchez Gomez ဟာ အမေဖြစ်သူကိုသတ်ပြီးနောက် အပိုင်းပိုင်းဖြတ်ကာ ၁၅ရက်လောက် စားသောက်ခဲ့ကြောင်း မက်ဒရစ်ပြည်နယ်တရားရုံးရဲ့ ထုတ်ပြန့်ချက်အရ သိရှိရပါတယ်။


သူရဲ့အမေဖြစ်သူ နာမည်ကို တရားရုံးမှာ မကြေညာပေမယ့် ပြည်တွင်းသတင်းဌာနများအရ Maria Soledad Gomez ဆိုပြီး သိရှိရပါတယ်။ ယခုချိန်မှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Sanchez ကို ဖေဖော်ဝါရီလ ၂၀၁၉ ခုနှစ်မှာအဖမ်းခံခဲ့ရပေမယ့် ဒီနှစ် April လမှာမှ အမှုစတင်စစ်ဆေးခဲ့ပါတယ်။ အဲ့နောက် တရားရုံဟာ လူသတ်မှုနဲ့ ထောင်ဒဏ် ၁၅နှစ် ချခံရပြီး အလောင်းဖျက်စီးမှုအတွက် ၅ လထပ်ချခဲ့ပါတယ်။


တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ အစ်ကိုဖြစ်သူကိုလည်း လျော်ကြေး €60,000 ( ဒေါ်လာ ၇၃,၀၀၀ နီးပါး ) ပေးရမှာဖြစ်ပေမယ့် Sanchez ရဲ့ရှေ့နေက သူမှာ စိတ်ပိုင်ဆိုင်ရာ ပြဿနာဖြစ်နေတယ်ဆိုပြီး ဒဏ်ငွေပေးဆောင်ခြင်းကို ငြင်းပယ်ခဲ့ပါတယ်။ ရဲများဟာ သူ့ကိုဖမ်းခဲ့တဲ့အချိန်မှာ အလောင်းရဲ့အပိုင်းအစတွေကို သေတ္တာထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူတို့ဟာ Maria Gomez ကိုမတွေ့ရတာ တစ်လရှိပြီဖြစ်တာကြောင့် ခုလို၀င်ရောက်ဖမ်းဆီးမိတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ခုလိုမျိုးပုံစံတဲ့ အမှုများစွာရှိပြီး သေဒဏ်ပေးခံရသူလည်းရှိသလို ထောင်သက်တမ်းတစ်၀က်လောက်ပဲကျပြီး လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ သူတွေလည်းရှိပါတယ်။


သတင်း အရင်းအမြစ်៖ CNN





