လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်က အမေရိကန်နိုင်ငံမှာ ဆေးပညာလောကကို တုန်လှုပ်စေပြီး အရမ်းအသက်ပြင်းတဲ့ အမျိုးသားတစ်ယောက် ရှိခဲ့ပါတယ်။
သူ့ရဲ့နာမည်ကတော့ Phineas Gage ဖြစ်ပြီး သူဟာ မီးရထားသံလမ်း အလုပ်သမားတစ်ဦးပဲ ဖြစ်ပါတယ်။
1848 ခုနှစ်လောက်အရောက်မှာ Gage ဟာ ရထားလမ်းတို့ချဲ့ဖို့လုပ်ရာကနေ မတော်တဆပေါက်ကွဲမှု တစ်ခုဖြစ်ပြီး သူ့ရဲ့ ဦးခေါင်းထဲကို သုံးပေကျော်ရှည်တဲ့ သံချောင်းဖောက်ဝင်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့်ပဲ Gage ဟာ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရသလို ဦးနှောက်တစ်ခြမ်းလုံးလည်း ဆုံးရှုံးခဲ့ရပြီး အခြေအနေအရမ်းဆိုးတာကြောင့် ဆရာဝန်တွေက သူ့ ကိုသေမှာပဲလို ထင်ခဲ့ကြပေမယ့် Gage ဟာမသေခဲ့ပါဘူး...
ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားခဲ့ရပြီး လအနည်းငယ်အကြာမှာတော့ Gage ဟာလူကောင်းတစ်ယောက်လိုပြန်ဖြစ်လာခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အဲ့အချိန်ကဆေးပညာနယ်ပယ်အတွက်ရော အံ့သြစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလို Gage ရဲ့အသက်ပြင်းလှတဲ့သတင်းကလည်း တော်တော်လေး ပျံ့လွင့်သွားခဲ့ပါတယ်။
ဒါပေမယ့် အရင်က စိတ်ထားကောင်းပြီး ရိုးသားဖော်ရွေသလို အလုပ်လည်းကျိုးစားတဲ့ Gage ဟာ ပြန်ကောင်းလာပြီးနောက်မှာ ဆန့်ကျင်ဘက် ဖြစ်တဲ့ စိတ်ထားယုတ်ပြီး အလုပ်လုပ်ရတာ ပျင်းရိတဲ့လူတစ်ယောက် ဖြစ်သွားတဲ့အတွက် အပေါင်းအသင်းတွေကတောင် ဒါဟာအရင်က ငါတို့သိတဲ့ Gage မဟုတ်တော့ဘူးလို့တောင် ပြောလာခဲ့ကြပါတယ်။
အဲ့ဒီနောက် မတော်တဆမှုဖြစ်ပြီး ၁၂ နှစ်လောက်အကြာမှာတော့ Gage ဟာကွယ်လွန်သွားခဲ့တယ်လို့ သိရပြီး ဆေးဘက်ဆိုင်ရာပညာရှင်တွေက သူ့ရဲ့ ဦးခေါင်းခွံကို စစ်ဆေးမှုတွေပြုလုပ်ကာ ဟားဗတ်တက္ကသိုလ်မှာ ဆေးစိမ်ထားတယ်လို့ သိရပါတယ်.....
သတင်း အရင်းအမြစ်៖ Wikipedia