ခုဖော်ပြမယ့်ကလေးတွေကတော့ ကမ္ဘာပေါ်မှာ အသက်အငယ်ငယ်နဲ့ အသန်းမာဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေပဲဖြစ်ပါတယ်။ အဲ့လိုကလေးတွေထဲက မထင်ထားနိုင်လောက်အောင်သန်းမာကြတဲ့ ကလေးတချို့ကို ဖော်ပြလိုက်ပါတယ်။
Giuliano and Claudiu Stroe

Giuliano နဲ့ Claudiu Stroe ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ တကယ်ကိုအံ့ဩစရာ ညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ နှစ်နှစ်သားအရွယ်ကလေးအများစုက အိမ်ထဲမှာ ပတ်ကစားနေကြပေမယ့် ဒီညီအစ်ကိုနှစ်ယောက်ကတော့ ကလေးငယ်တစ်ယောက်ထက် ပိုမိုလုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့တာကတော့ သူတို့ဟာ အဖေဖြစ်သူနဲ့ နေ့တိုင်းနှစ်နာရီလောက် ဝိတ်မပြီး လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုလေ့ကျင့်မှုကြောင့် အစ်ကိုဖြစ်သူကတော့ Giuliano ဂင်းနစ်စံချိန်စာအုပ်ထဲမှာ နှစ်ကြိမ်ပါ၀င်နိုင်ခဲ့ပါတယ်။ အဲ့တုန်းကတော့ Giuliano ဟာ အသက် ၅ နှစ်သာရှိပါသေးတယ်။

Richard Sandrak

ယူကရိန်းနွယ်ဖွား Richard Sandrak ဟာ အသက်ခြောက်နှစ်နဲ့တင် ကမ္ဘာ့အသန်ဆုံးလူသားတစ်ယောက်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာအသက် ၆ နှစ်မှာ ပေါင် ၁၈၀ ကို မ နိုင်ခဲ့ပြီး အသက်၈နှစ်မှာ အလေးချိန် ပေါင်၂၁၀ ကို မ နိုင်ခဲ့ပါတယ်။ ကလေးဘ၀တုန်းက သူဟာ အဖေဖြစ်သူရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့် သာမန်လူတွေမတွေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရပါတယ်။ သူ့ကို လူတွေဟာ Little Hercules လို့လည်း သိရှိကြပါတယ်။

Yang Jinlong

အသက် ၇ နှစ်သာရှိသေးတဲ့ Yang Jinlong ကတော့ သင်မထင်မှတ်ထားနိုင်တာကို ပြုလုပ်ပြသွားနိုင်ခဲ့ပါတယ်။ သူရဲ့ကိုယ်အလေးချိန်ဟာ ပေါင် ၁၁၀ ရှိပြီး ဒါဟာ ၇နှစ်အရွယ်မှာရှိရမယ့် အလေးချိန်ထက် ၃ ဆပိုပါတယ်။ အဲ့ဒီအလေးချိန်ကြောင့်ပဲ သူဟာ သန်မာလာခဲ့ပါတယ်။ ပုံထဲမှာလည်း သင့်အနေနဲ့ တွေ့ရှိနိုင်ပါတယ်။

Maryana Naumova

Maryana Naumova ကို မိန်းကလေးဆိုပြီး အထင်မသေးစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမဟာ ကမ္ဘာ့အသန်းမာဆုံး မိန်းကလေးတစ်ယောက်မို့ပဲ ဖြစ်ပါတယ်။ သူမအသက် ၁၂ နှစ်နဲ့ ၁၅၄ပေါင်အလေးချိန်ကို မ နိုင်ခဲ့တဲ့ အသက်ငယ်ဆုံးမိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက သူမအလေးအချိန်ထက် ၁.၅ ဆ ပိုလေးပါတယ်။ သူမရဲ့ အရေးကြီး ပုဂ္ဂိုလ်ကတော့ Arnold Schwarzenegger ပါလို့ ပြောပြခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်៖ Tiebreaker