တမလွန်ဘဝရှိကြောင်းသက်သေပြချင်လို့ ကိုယ့်ကိုကိုယ်သတ်သေရင်း ဘဝဆုံးသွားတဲ့ အမျိုးသား

//s9.kh1.co/28/2866a4344725e5334f6ac21bd310c949e70b02c2.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က တမလွန်ဘဝဆိုတာ တကယ်ရှိကြောင်းကို သက်သေပြချင်လို့ ကိုယ့်ကိုကိုယ်သတ်သေခဲ့သူ တစ်ဦးရှိခဲ့ပါတယ်။

သူ့ရဲ့နာမည်ကတော့ Thomas Lynn Bradford ဖြစ်ပြီး ၁၉၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ သတ်သေခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=320,q=100/e4/e4a54e40f208c9525d0f84d8322d189c1440fa46.jpg

Thomas ဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အခန်းတံခါးကို အလုံပိတ်ကာ ဂက်စ်မီးဖိုက ဂက်စ်တွေကို အခန်းထဲအပြည့်လွှတ်ပီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာပဲ ​ဖြစ်ပါတယ်။

သတ်မသေခင်မှာတော့ Thomas ဟာ တမလွန်ဘဝတကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့အတွက် သူသေပီးနောက်တစ်နေ့မှာ Ruth Doran ဆိုတဲ့အမျိုးသမီးကို ပြန်ဆက်သွယ်မယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/23/23bf1a007c69ac315f2b6342ae8640f18d0bff20.jpg

ဒါပေမယ့်လည်း ရက်ပေါင်းများစွာကြာတဲ့အထိ Thomas ဟာ Ruth Doran ဆီဆက်သွယ်လာခဲ့ခြင်းမရှိပါဘူး။ဒီဖြစ်ရပ်ကို ကမ္ဘာတစ်ဝှမ်းက လူတွေ ၊ နာမည်ကြီးသတင်းစာတွေက စောင့်ကြည့်ခဲ့ကြပေမယ့်လည်း Thomas ဟာသေဆုံးသွားပြီးနောက် ဘယ်သူ့ကိုမှပြန်လည်ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါဘူး....

တမလွန်ဘဝတကယ်ရှိကြောင်းကို သက်သေပြချင်လို့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့ Thomas ရဲ့အကြောင်းကတော့ ကမ္ဘာကျော်သွားခဲ့သလို ယနေ့ထက်ထိလည်း ပြောစမတ်တွင်နေဆဲ ဖြစ်ရပ်တစ်ခုပါပဲ.........

https://s9.kh1.co/__image/w=474,h=262,q=100/d1/d145ccfc87bc60c697125ab17c9198697c1de0de.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T