ငွေကြေး ချမ်းသာကြွယ်ဝတဲ့ သူဌေးပေါင်းငါးရာဝန်းကျင်လောက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူး သူလို့ နာမည်ကျော်နေတဲ့ Madam Raya ဆိုသူဟာ အွန်လိုင်းပေါ်ကနေ မိန်းကလေးများ အတွက် အထူးသင်တန်းတစ်ရပ်ကို ပို့ချပေးလျက်ရှိပါတယ်။ ဒီသင်တန်းကနေ သင်တန်း သူများအတွက် ဘောစိတွေကို ဘယ်လိုအပိုင်ချုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို Madam Raya ကနေ သူရဲ့ကိုယ်တွေ့များနဲ့အတူ စနစ်တကျ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။


Madam Raya ဟာ နိုင်ငံတကာက လူတွေနဲ့ ဆက်ဆံခွင့်ရခဲ့ရာကနေ သူမရဲ့ သွေးဆောင်ဖျားယောင်းမှု အတတ်ပညာတွေကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆို Madam Raya ဟာ ဒီပညာရပ်တွေကို ပြန်လည်မျှဝေပေးဖို့အတွက် အွန်လိုင်းပေါ်ကနေပါ သင်တန်းတစ်ခုကို ဖွင့်လှစ်ပေးထားပါသေးတယ်။ တစ်ရာရာခိုင်နှုန်း အပြည့်အဝအာမခံပေးထားတဲ့ Madam Raya ရဲ့ သင်တန်းကို သူမရဲ့ Facebook Page မှာ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး အခပေးသင်တန်းတစ်ခုဖြစ်ပါတယ်။ ဘတ် ၁၄၀၀၀ လောက် ကျသင့်မယ့် VIP သင်တန်းကတော့ အရမ်းချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို လှည့်စားဖျားယောင်းတတ်ဖို့ ပညာကုန် သင်ပေးမှာဖြစ်ပါတယ်။


အဲ့အပြင် Madam ကိုယ်တိုင် အဆိုပါသင်တန်းသူအတွက် ဘောစိကြီးတစ်ယောက်ကိုပါ ရှာဖွေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Madam က VIP သင်တန်း တက်သူတွေကို အိန္ဒိယဥရောပနွယ်ဝင် သို့မဟုတ် အရှေ့အလယ်ပိုင်း သူဌေးတစ်ဦးနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်တာကြောင့် အရမ်းချမ်းသာလွန်းသူနဲ့ တွဲခုတ်ခွင့်ရမှာဖြစ်ပါတယ်။ Madam Raya ရဲ့ VIP သင်တန်းက မက်လောက်စရာ အထူးအခွင့်အရေးတွေ ပါဝင်နေပေမယ့် အမျိုးသမီးတော်တော်များများ Madam သတ်မှတ်ထားတဲ့ သင်တန်းကြေးကြောင့် မတတ်ရောက်နိုင်ကြပဲ ဘတ် ၆၃၀၀ ရှိတဲ့ သာမာန်သင်တန်းကိုသာ တတ်ရောက်နိုင်ကြတာပဲဖြစ်ပါတယ်။


ဒီသင်တန်းမှာတော့ Madam က သူရဲ့နည်းစနစ်များကိုပဲ သင်ကြားပြသပေးတာဖြစ်ပြီး ဘောစိများနဲ့တော့ ချိတ်ဆက်ပေးခြင်း မရှိပါဘူး။ Madam ဟာ သူရဲ့သင်တန်းကို လာရောက်အပ်နှံသူတိုင်း လက်ခံတာမျိုးမဟုတ်ပဲ ကိုယ်ကိုကိုယ် အရမ်းချမ်းသာချင်သူ ၊ ဘောစိတွေကနေ ချူစားဖို့ စိတ်အားထက်သန်သူများကိုသာ သင်တန်းလက်ခံတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ Madam ရဲ့ သင်တန်းဟာ အတော်လေးကို အောင်မြင်နေတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ သူမရဲ့ Facebook Page ကိုဖျက်သိမ်းသွားပြီဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ odditycentarl





