ရထားလမ်းကြောင်းအောက်ကနေ တွဲလောင်းကျနေတဲ့ပုံစံနဲ့ ပြေးဆွဲနေတဲ့ Wuppertal Schwebebahn ရထား

//s9.kh1.co/d8/d87f75e69e260a449769da5b1a05f72f4a957d11.jpg
ဗဟုသုတအဖြာဖြာ

 ០១-កញ្ញា-២០២១ ១២ល្ងាច · ៥ ឆ្នាំមុន

.

ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ Wuppertal လို့ခေါ်တဲ့ မြို့မှာ ပုံမှန်ရထားတွေနဲ့မတူတဲ့ Wuppertal Schwebebahn လို့ခေါ်တဲ့ ရထားရှိပါတယ်။

ရထားတွေဟာ ပုံမှန်ဆိုရင် လမ်းကြောင်းရဲ့အပေါ်ကနေပဲ သွားလေ့ရှိပေမယ့် ဒီမြို့မှာရှိတဲ့ ရထားကတော့ ရထားလမ်းကြောင်းအဲ့အောက်ကနေ တွဲလောင်းကျနေတဲ့ပုံစံနဲ့ ပြေးဆွဲနေတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/e6/e6bea91e06ea2530395cbcc5de316a301a832c3f.jpg

ဒီရထားလမ်းကြောင်းကို ၁၉၀၁ ခုနှစ် ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရှေးအကျဆုံးလျှပ်စစ်ရထားလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီဇိုင်းတီထွင်သူကတော့ Eugen Langen ဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ အဲ့ဒီအချိန်တုန်းက ဂျာမန်ငွေ ၁၆ သန်းလောက် ကုန်ကျခဲ့ပါတယ်။ လက်ရှိအချိန်ထိဆိုရင် နှစ်ပေါင်း ၁၂၀ ခန့်ရှိနေပြီဖြစ်ပြီး ယနေ့ထက်ထိတိုင်အောင် ပြေးဆွဲနေဆဲပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/99/999a5b2ae8e24b14fc41c1998c999a6625ae3ce3.jpg

ဒီရထားကိုတော့ ၇၅၀ ဒီစီ ဗို့အားရှိတဲ့ လျှပ်စစ်မော်တာတွေနဲ့ မောင်းနှင်တာဖြစ်ပြီး ရထားတစ်စီးမှာ ထိုင်လျက် ၄၈ ယောက်နဲ့ မတ်တပ်ရပ်သူ ၁၃၀ ခန့်လောက် လိုက်ပါစီးနင်းနိုင်ပါတယ်။

ဒီရထားပြေးဆွဲရာ လမ်းတစ်လျှောက်မှာတော့ ဘူတာရုံ အခု ၂၀ ရှိပြီး တစ်ပတ်ကို ခရီးသွား ၈၀၀၀၀ ကျော်လောက်ကိုသယ်ယူပို့ဆောင်ပေးပါတယ်။

ဒီကောင်းကင်ရထားဟာ ရုပ်ရှင်နဲ့ ဗီဒီယိုတွေထဲမှာလည်း မကြာခဏပါလေ့ရှိပြီး ဂျာမနီနိုင်ငံအနောက်ပိုင်းကို အလည်ရောက်သူများဟာ ဒီရထားကို စီးဖူးအောင်စီးလေ့ရှိတယ်လို့ သိရပါတယ်………..

https://s9.kh1.co/__image/w=474,h=266,q=100/67/675155e013e74e4e6e0f13d245925496ac5b2a5a.jpg

သတင်း အရင်းအမြစ်៖ Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T