ကမ္ဘာပေါ်မှာ အင်္ကျီဆင်တူ၀တ်ခဲ့တာကြောင့် လူတိုင်းအားကျခဲ့ကြရတဲ့ နာမည်ကြီး Couple တွေရှိကြပါတယ်။ ဥပမာ ၁၉၉၉ခုနှစ်က David နဲ့ Victoria Beckham တို့၀တ်ဆင်ထားတဲ့ပုံတို့ ၂၀၀၁ ခုနှစ်က Britney Spears နှင့် Justin Timberlake တို့ ၀တ်ဆင်ခဲ့တဲ့ ပုံတွေဟာ လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဂျပန်နိုင်ငံက အတွဲတစ်တွဲကတော့ တခြားသူတွေထက်ကို ပိုအားကျစေနိုင်ပြီး ဆွဲဆောင်နိုင်ပါတယ်။ သူတို့ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို ကမ္ဘာကြီးသိအောင် နေ့တိုင်းဆင်တူအင်္ကျီ၀တ်ကာ ပြသလေ့ရှိပါတယ်။
Tsuyoshi နဲ့ Tomi Seki လို့ခေါ်တဲ့ ဂျပန်ဇနီးမောင်နှံက တော့ လက်ထက်ခဲ့တာ 41 နှစ်ရှိခဲ့ပါပြီ။ သူတို့ ၂ယောက်ဟာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် မလွဲအောင် တူညီတဲ့ couple ဝတ်စုံတွေကိုဘဲ ဝတ်ဆင်ခဲ့ကြလို့ မြင်လိုက်တာနဲ့ စုံတွဲတွေဆိုတာ တန်းသိသာစေပါတယ်။ Tsuyoshi နှင့် Tomi တို့ဟာ ၂၀၁၆ ကစပြီး သူတို့ရဲ့ပုံတွေကို Instagram မှာ စတင် တင်ခဲ့ကြပါတယ်။ အဲ့နောက်မှာ Follower ၈သိန်း၃သောင်းကျော်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း အမြဲဆင်တူ၀တ်လေ့ရှိတာကြောင့် လူတွေရဲ့အားကျမှုကိုလည်း ခံရလေ့ရှိပါတယ်။
ဒါပေမယ့် သူတို့တွေရဲ့ အ၀တ်အစားတွေက တခြားသူတွေလို ဈေးကြီးတဲ့ Brand ဟာတွေမဟုတ်ပဲ လမ်းဘေးဈေးဆိုင်ဖြစ်တဲ့ Uniqlo လိုနေရာကနေပဲ ၀ယ်ထားတာဖြစ်ပါတယ်။ သူတို့ဟာလည်း Fashion ကျဖို့အတွက် ဈေးကြီးတဲ့ Brand တွေ၀တ်စရာမလိုပဲ ကိုယ်တိုင်ဆင်လို့ရတဲ့အရာလို့ ယုံကြည်ထားကြပါတယ်။ Tomi က “ ဟုတ်ပါတယ်၊ မီဒီယာတွေမှာ စတိုင်သင်္ကေတတွေအဖြစ် ဖော်ပြခံရတာကိုငါတို့ပျော်ပါတယ် " ဆိုပြီးပြောခဲ့ပါတယ်။ ဆက်လက်ပြီး “ ငါတို့ကဘယ်သူမဆို ၀ယ်နိုင်ပြီးရိုးရှင်းတဲ့၊ စျေးမကြီးတဲ့ အဝတ်အစားတွေကို ၀တ်ကြပါတယ် ” လို့ပြောခဲ့ပါတယ်။ သူတို့ဟာ စတွဲကတည်းက နေ့တိုင်း ဆင်တူအင်္ကျီကိုဘဲ မပြတ်မကွက်ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပြီး ယခုအချိန်ထိလည်း နေ့တိုင်းဆင်တူ အင်္ကျီကို ဝတ်ဆင်နေကြဆဲပါ။ သူတို့ရဲ့Couple Fashion တွေကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူတို့ရဲ့တစ်ဦးတည်းသော သမီးလေးဟာလည်း မိဘတွေနဲ့ ဆင်တူ၀တ်လေ့ရှိပါတယ်။
သတင်း အရင်းအမြစ်៖ mymodernmet