ဆွဲဆန့်နိုင်တဲ့ အရေးပြားကြောင့် ငယ်ငယ်က အသုံးချခံခဲ့ရပေမယ့် နောက်ဆုံးတွင် ဂင်းနစ်စံချိန် တင်နိုင်ခဲ့သူ

//s9.kh1.co/31/31e96d104b0c4b560e2fcd337f040de2665ae70c.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း သူများနဲ့မတူတဲ့ လူတွေရှိကြပါတယ်။ တချို့သူ‌တွေကတော့ ထူးခြားကြပေမယ့် သူတို့ရဲ့ဇာတ်လမ်းကတော့ ၀မ်းနည်းစရာပါပဲ။ ခုဆိုရင်လည်း သူများနဲ့မတူပဲ ၀မ်းနည်းစရာလည်းကောင်းတဲ့ ဂင်းနစ်စံချိန်ပါတင်ခဲ့တဲ့ သူအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒီလူကတော့ အရေပြားကို ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတဲ့ဗြိတိန်နိုင်ငံသား Garry Turner အကြောင်းပဲဖြစ်ပါတယ်။ သူဟာ မျက်နှာကနေ ခန္ဓာကိုယ် တစ်ကိုယ်လုံး နေရာအနှံ့ ဆွဲဆန့်နိုင်တာပဲဖြစ်ပါတယ်။ သူရဲ့ အစွမ်းကတော့ တော်ရုံလူလုပ်နိုင်ဖို့ မလွယ်တဲ့ ကြက်သီးထစရာ အစွမ်းကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/68/68a210fe9a2f8b0852f9f85e4575605b556dba6e.jpg

သူဟာ ၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုလို ဆွဲဆန့်နိုင်တဲ့ အရေးပြားဟာ Ehlers-Danlos Syndrome လို့အမည်ရတဲ့ ရှားပါးရောဂါကြောင့် ခုလို အရေးပြားကို ဆွဲဆန့်နိုင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ အစာအိမ်ရဲ့ အသားအရေကို ၆.၂၅လက်မအထိ ဆွဲဆန့်လို့ရပါတယ်။ ရှားပါးရောဂါရှိနေတာကြောင့် ခုလို အရေးပြားကို ဆွဲ့နိုင်ဆန့်နိုင်တာပဲဖြစ်ပြီး သာမန်သူတွေအနေနဲ့တော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=600,h=403,q=100/58/580cf70efaac07700181d38796607339bfaf4546.jpg
https://s9.kh1.co/__image/w=600,h=300,q=100/d9/d9c1bff7eaef135886d21401f426b3c04ec82a25.jpg

သူ့ရဲ့ရှားပါးရောဂါကတော့ တစ်သျှူးတွေကို ဖရိုဖရဲဖြစ်စေပြီး အသားအရေနှင့် အရိုးအဆစ်တွေကိုလျော့ရဲစေလာတာပဲဖြစ်ပါတယ်။ " ကျွန်တော့် အရေပြားက သူများတွေနဲ့မတူကွဲပြားနေတာကို ကလေးဘ၀ကတည်းက သိခဲ့တာပါ၊ ဦးလေးကတော့ ကျွန်တော်ရဲ့ အရေပြားကို သူ့မိတ်ဆွေတွေကုိ ခေါ်ပြပြီး ပျော်စရာအဖြစ်အသုံးပြုခဲ့ကြပါတယ် " ဆိုပြီး ဝမ်းနည်းစွာဖွင့်ဟခဲ့ပါတယ်။ "ဆွဲဆန့်တာက နာကျင်တာတော့မဟုတ်ပါဖူး ဒါပေမယ့် ရောဂါသည် တစ်ယောက်အဖြစ်ကနေ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်အရမ်းကိုခံစားရပါတယ်" ဆိုပြီး GWR ကိုပြောကြားခဲ့ပါတယ်။ ဝမ်းနည်းစရာရောဂါဝေဒနာသည်တစ်ယောက်ဖြစ်ပင်မဲ့ ကမ္ဘာမှတ်တမ်းစာအုပ်တွင် စံချိန်တင်ဆုရခဲ့ပါတယ်။ Garry Turner ရဲ့ပုံရိပ်တွေနဲ့တကွ သူရဲ့ video ကိုပါမျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=709,q=100/cd/cd33d049347cffa531aacbeb08e049a2282c3ad2.jpg
https://s9.kh1.co/__image/w=600,h=402,q=100/45/45042712bbf5d801f79fd004e73c1aafff438352.jpg

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T