ငါးတွေအနေနဲ့ ရေထဲမှာ ရေသောက်မသောက်ဆိုတာကို သေသေချာချာ ဖြေရှင်းခဲ့ကြတဲ့ ပညာရှင်များ - Myanmarload

ငါးတွေအနေနဲ့ ရေထဲမှာ ရေသောက်မသောက်ဆိုတာကို သေသေချာချာ ဖြေရှင်းခဲ့ကြတဲ့ ပညာရှင်များ

https://s9.kh1.co/4c/4c81e24cc9e8baf5574bb46e78f3960bd4ab3351.jpg
ဗဟုသုတအဖြာဖြာ
 27-Aug-2021 2pm · 2 months ago

.

ပရိသတ်တွေအနေနဲ့လည်း ဒီမေးခွန်းရဲ့အဖြေကို သိချင်ကြမှာပါ။ အဲ့လို ငါးတွေရေသောက်လား မသောက်လားမေးတဲ့လူကို ပြန်မေးရမယ့် မေးခွန်းက " ရေချိုငါးလား...ရေငန်ငါးလား " ဆိုပြီးပဲဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း မသိဘူးလေဆိုပြီပဲ ပြန်ဖြေပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ပညာရှင်တွေက အဲ့မေးခွန်းကို သေသေချာချာ ကျကျနန ပြန်ဖြေပေးထားကြပါတယ်။ သာမန်လူတွေအနေနဲ့လည်း စဉ်းစားနိုင်ကြမှာ မဟုတ်လောက်ပါဘူး။

https://s9.kh1.co/__image/w=600,h=337,q=100/7c/7c26e5b1af07c5c5dba11246cea60d9acaea8ac6.jpg
https://s9.kh1.co/__image/w=600,h=337,q=100/2f/2f989aef0b2e1f9391d21518ea0162f6b74b4127.jpg

အဖြေတစ်ခုလုံးကတော့ ငါးရဲ့အမျိုးအစားအပေါ်မူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Osmosis ဆိုတဲ့အရာကြောင့်ပဲဖြစ်ပါတယ်။ အဲ့အကြောင်းအရာကို Bio ကျောင်းသားတွေ တော်တော်များများ သင်ကြားခဲ့ဖူးကြပါလိမ့်မယ်။ အဲ့အကြောင်းအရာကြောင့် ငါးတွေ ရေသောက်လားဆိုတဲ့ မေးခွန်းအဖြေက မူတည်သွားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=435,q=100/04/04c47cec662a36963abc7d5aa71d4847083c3926.jpg
ရေချိုငါး
https://s9.kh1.co/__image/w=600,h=337,q=100/45/451a8d13034d2a88545daa1c8e550a63440f2a69.jpg
ရေချိုငါး

ရေချိုငါးတွေထဲမှာဆိုရင် ဆားပါဝင်မှုဟာ ရိုးရိုးရေထက်ပိုများပါတယ်။ အဲ့တော့ သူတို့ရဲ့ခန္ဓာကိုယ်က ရေတွေကို စုပ်ယူကြပါတယ်။ သူတို့က ရေစုပ်တာပဲရှိတာမို့ ရေသောက်တယ်လို့ ပြောလို့မရပါဘူး။ ရေငန်ငါးတွေကတော့ ရေချိုငါးတွေနဲ့ပြောင်းပြန်ပါ။ အဲ့တာကြောင့်သူတို့မှာ ဆားပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့်ရေငန်ငါးတွေက လူသားတွေ ရေဓာတ်ကိုပြန်ဖြည့်သလို သူတို့လည်း ရေတွေကို သောက်ကြရပါတယ်။ လူသားတွေနဲ့မတူရတဲ့အကြောင်းတစ်ခုကတော့ သူတို့က ရေထဲကဆားတွေကို စစ်ထုတ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/e2/e24173887621468a51f7bc2dbf561da5c074446f.jpg
ရေငန်ငါး
https://s9.kh1.co/__image/w=600,h=375,q=100/00/009d49ef6c0f9a8179eeee4dab6dbcda22b10c59.jpg
ရေငန်ငါး

သတင်းအရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး