မြန်မာငွေနဲ့ဆို သန်းနှစ်ထောင်‌ကျော်တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်များ

//s9.kh1.co/53/5336b327eda42fbab91e8218610030e91a35c3d2.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးဟာဆိုရင် ငှက်တွေ တိရစ္ဆာန်တွေ အင်းစက်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ တချို့သောတိရစ္ဆာန်တွေဖြစ်တဲ့ ကျားတွေ ခြင်္သေ့ တွေကကြောက်စရာကောင်းပေမယ့် သူတို့ကို ခွေးတွေ ကြောင်တွေလို အိမ်မှာမွေးနိုင်ပါတယ်။ အဲ့လိုကောင်တွေ မွေးဖို့အတွက် သင့်မှာ လုံလောက်တဲ့ ပိုက်ဆံရှိချင်ရှိနိုင်ပါတယ်။ ဒါပေမယ့် တချို့တိရစ္ဆာန်တွေရဲ့ ဈေးနှုန်းက‌တော့ သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်ပါတယ်။ အဲ့လိုတိရစ္ဆာန်တွေထဲမှာ ကြောင်တွေ ခွေးတွေ နွားတွေ ငှက်တွေနဲ့ ‌ပိုးတောင်မာ တောင်ပါပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင် ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်တချို့ကို ဖော်ပြလိုက်ပါတယ်။

Green Monkey – $16,000,000

https://s9.kh1.co/__image/w=647,h=478,q=100/1c/1c871973bd4415ed0a60995a483f7dd34a6cbad6.jpeg

နာမည်ကိုကြည့်ပြီး မျောက်လို့မထင်လိုက်ပါနဲ့။ ဒီလိုမြင်းမျိုးကို သင်သာပိုင်ဆိုင်မယ်ဆိုရင် သင်ဟာ တကယ့်ကို ချမ်းသာနေတဲ့သူပဲဖြစ်ပါတယ်။ ဒီမြင်းဟာ ရှားပါးပြီး သူရဲ့ အလျင်နဲ့ အလှကြောင့် နာမည်ကျော်ကြားပါတယ်။ မြင်းပြိုင်ပွဲတွေမှာ ဒီလိုမြင်းမျိုးတွေပဲ အနိုင်ရရှိတာများပါတယ်။ ဈေးကတော့ ဒေါ်လာ 16,000,000 ပါ။ မြန်မာငွေနဲ့ဆို သန်းနှစ်ထောင်ကျော်ပါတယ်။

Missy – $1,200,000

https://s9.kh1.co/__image/w=647,h=424,q=100/33/332c8c0997b7158e59a61c1bf90d84c2cc623054.jpg

Missy ဟာ နွားမဖြစ်ပေမယ့် ပုံမှန်နွားမ မဟုတ်တာကြောင့် ၀ယ်မယ်ဆို ဒေါ်လာ 1,200,000 တန်ဖိုးရှိပါတယ်။ သူမဟာ ပုံမှန်နွားတစ်ကောင်ထက် လျင်မြင်တဲ့အရှိန်ရှိတာကြောင့် ချန်ပီယံများစွာ ဖြစ်ဖူးပါတယ်။ Miss Missy ဟာ Western Fall National Show North America’s Grand Champion လည်းဖြစ်ဖူးပါတယ်။ အဲ့ဒီ Show ဟာဆိုရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး တိရစ္ဆာန် ပြပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ Show မှာ သူချန်ပီယံဖြစ်ပြီးကတည်းက လူတွေစိတ်၀င်စားကြပြီ ၀ယ်ယူကြရာ နောက်ဆုံး ဒေါ်လာ 1,200,000 တန်ကြေးရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နွားတွေထဲမှာ ဈေးအကြီးနွားအဖြစ်ပါ လူသိများခဲ့ပါတယ်။ တိရစ္ဆာန်တွေထဲမှာလည်း ဈေးအကြီးဆုံးတွေထဲက တစ်ကောင်အဖြစ် ပါ၀င်ခဲ့ပါတယ်။

Sir Lancelot Encore – $155,000

https://s9.kh1.co/__image/w=585,h=400,q=100/f0/f0057dcb85c511cc94b92b8bf5f742d2feb61766.jpg

Nino နဲ့ Edgar Otto တို့ဟာ သူတို့ရဲ့ခွေးကို စကားလုံးတေ‌ွနဲ့ မဖော်ပြနိုင်လောက်အောင် ချစ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ ချစ်တဲ့ခွေးလေး Sir Lancelot ၂၀၀၈ခုနှစ်မှာ ကင်ဆာနဲ့သေဆုံးသွားတဲ့အချိန်မှာတော့ ခွေးကိုပုံတူပွားဖို့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် နောက်ထပ်ခွေးလေးဖြစ်တဲ့ Sir Lancelot Encore ကိုမွေးနိုင်ခဲ့ပြီး သူရဲ့တန်ဖိုးကတော့ ဒေါ်လာ 155,000 ရှိပါတယ်။ ဒီခွေးဟာ ကမ္ဘာ့ပထမဆုံး ပုံစံတူ မျိုးပွားထားတဲ့ ခွေးဖြစ်ပြီး San Francisco က Bio-Art ဆိုတဲ့ပွဲမှာ ပိုင်ရှင်စုံတွဲန‌ှစ်ယောက်ကို အနိုင်ရရှိစေခဲ့ပါတယ်။

Tibetan Mastiff – $582,000

https://s9.kh1.co/__image/w=647,h=478,q=100/8c/8c536e6c3e8d42e86aa0417ce730c795e79c0a0f.jpg

ဒီခွေးမျိုးတွေဟာ ရောင်းခဲ့သမျှ ကမ္ဘာ့ဈေးအကြီးဆုံး နဲ့ ချစ်ဖို့အကောင်းဆုံးခွေးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ မြင်မြင်ချင်းမှာပဲ ချစ်မိသွားပြီး လိုချင်စိတ်ဖြစ်သွားနိုင်ပါတယ်။ ရှားပါတဲ့ ခွေးမ‌ျိုးဖြစ်ပြီး အကြီးဆုံးခွေးမျိုးတွေထဲမှာလည်း ပါ၀င်ပါတယ်။ ဒီခွေးမျိုးစိတ်ဟာ ၃၂ လက်မကျော်မြင့်ပြီးပေါင် ၅၀ ကျော်အလေးချိန်ရှိပါတယ်။ ဒါကြောင့်ပဲ သူရဲ့တန်ဖိုးဟာ ဒေါ်လာ 582,000 ရှိပါတယ်။

The White Lion Cubs – $138,000

https://s9.kh1.co/__image/w=647,h=435,q=100/9f/9f6f2bfd73626a3e1193ba10d95a9cde27334e0f.jpg

အဖြူရောင် ခြင်္သေ့ မျိုး‌နွယ်တွေဟာ အလွန်ရှားပါးတဲ့ မျိုးစိတ်ပဲဖြစ်ပါတယ်။ သူတို့ကိုတော့ တောင်အာဖရိကမှာပဲ တွေ့ရှိနိုင်ပြီး မြင်တွေ့ရဖို့တောင် အလွန်ရှားပါးပါတယ်။ သူတို့ကို ယနေ့ချိန်ထိ သီးခြားမျိုးစိတ်အဖြစ် မသတ်မှတ်သေးပါဘူး။ Global White Lion Protection Trust ရဲ့အဆိုအရ ကမ္ဘာပေါ်မှာ ခြင်္သေ့ဖြူ ၃၀၀ သာရှိပါတယ်။ ဒါ့ကြောင့်ပဲ ကမ္ဘာဈေးအကြီးဆုံး တိရစ္ဆာန်တွေထဲမှာပါ၀င်ပြီး တန်ဖိုးကတော့ ဒေါ်လာ 138,000ရှိပါတယ်။

Stag Beetle – $89,000

https://s9.kh1.co/__image/w=620,h=413,q=100/5d/5d2b38809779c508fa18f512c1eb25703b622c56.jpg

ပိုးတောင်မာအဖိုဟာ ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်တွေထဲက အသေးငယ်ဆုံး မ‌ျိုးစိတ်ဖြစ်ပါတယ်။ သူတို့မျိုးစိတ်ဟာဆိုရင် တစ်ကမ္ဘာလုံးမှာ အထူးဆန်းဆုံးနဲ့ အရှားပါးဆုံး မျိုးစိတ်ဖြစ်ပါတယ်။ အဲ့ဒီမျိုးစိတ်ကို Lucanide မိသားစုက ပိုင်ဆိုင်ထားပြီးသူတို့မှာ အင်းစက်မျိုးပေါင်း ၁၂၀၀ ရှိပါတယ်။ သူရဲ့ဈေးကတော့ ဒေါ်လာ 89,000 ရှိပါတယ်။

Palm Cockatoo – $16,000

https://s9.kh1.co/__image/w=647,h=418,q=100/4f/4f8da54339f960a7c1f9cd07289d74a5d13adf97.jpg

Goliath Cockatoo ဒါမှမဟုတ် Palm Cockatoo ဟာ အနက်ရောင်ရှိပြီး အနီရောင်ပါပါတဲ့ ကတ္တဝါငှက်အမျိုးအစားပဲဖြစ်ပါတယ်။ သူတို့ရဲ့ လှပတဲ့အသွင်အပြင်ကြောင့် ဒီငှက်တွေဟာ ဒေါ်လာ ၁၆၀၀၀ တန်ဖိုးရှိပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T