ကမ္ဘာပေါ်က တိရိစ္ဆာန်တွေထဲကမှ ဉာဏ်အကောင်းဆုံး တိရစ္ဆာန် ၅ မျိုး - Myanmarload

ကမ္ဘာပေါ်က တိရိစ္ဆာန်တွေထဲကမှ ဉာဏ်အကောင်းဆုံး တိရစ္ဆာန် ၅ မျိုး

https://s9.kh1.co/20/2020ecb1600c60bd5712191110239856bffce4eb.jpg
ဗဟုသုတအဖြာဖြာ
 19-Aug-2021 12pm · 2 months ago

.

ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲကမှ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်တွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ချင်ပန်ဇီ

https://s9.kh1.co/__image/w=650,h=366,q=100/be/bebd9afff12f9bd81fcc8c9621fb23b0120a4ae3.jpeg

လူသားတွေပြီးရင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး သတ္တဝါဟာ ချင်ပန်ဇီတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာချက်တွေအရ ချင်ပန်ဇီတွေရဲ့ DNA ဟာ လူသားတွေနဲ့ ၉၀ ရာခိုင်နှုန်းခန့် တူညီပြီး ပတ်ဝန်းကျင်ကနေ လေ့လာသင်ယူနိုင်စွမ်းဟာလည်း မြင့်မားလှပါတယ်။

လင်းပိုင်

https://s9.kh1.co/__image/w=650,h=430,q=100/c0/c054a22e793be9367952e0a919720845f0c5c2e3.jpg

လင်းပိုင်တွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ရေနေနို့တိုက်သတ္တဝါပဲ ဖြစ်ပါတယ်။ သင်ယူမှတ်သားနိုင်စွမ်းမြင့်မားတဲ့ လင်းပိုင်တွေဟာ လူတွေနဲ့လည်း ယဉ်ပါးလှပြီး စိတ်ခံစားမှုတွေကိုလည်း ခံစားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်း ၁၉၈၀လောက်တုန်းက လူတစ်ယောက်ကို ချစ်မိပြီး အသည်းကွဲ သေဆုံးခဲ့ဖူးပါတယ်။

ဆင်

https://s9.kh1.co/__image/w=634,h=423,q=100/cb/cb52090d394a5d0a57e35f52f3b46e9edeba9581.jpg

ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးမားသလို မှတ်ဉာဏ်စွမ်းရည်လည်းကောင်းလှတဲ့ ဆင်တွေဟာ တခြား ကုန်းနေသတ္တဝါတွေထက် ဦးနှောက်အရွယ်အစား ပိုမိုကြီးမားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို နားထောင်ပြီး ခွဲခြားမှတ်သားနိုင်စွမ်းရှိတဲ့ ဆင်တွေဟာ လူတွေအပေါ် သစ္စာရှိတဲ့ သတ္တဝါတစ်မျိုးလည်း ဖြစ်ပါတယ်။

ခွေး

https://s9.kh1.co/__image/w=650,h=671,q=100/9e/9efd18dd6c0c17f7761e7541e0dad876e8629fde.jpg

လူတွေနဲ့ အကျွမ်းတဝင်ရှိလှတဲ့ ခွေးတွေဟာဆိုရင်တော့ လူတွေရဲ့ဘာသာစကားကို တခြား တိရစ္ဆာန်တွေထက်ပိုပြီး နားလည်ကြတဲ့ ဉာဏ်အကောင်းဆုံး သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခွေးတစ်ကောင်ရဲ့ ပျမ်းမျှနားလည် မှတ်သားနိုင်စွမ်းဟာ အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ သင်ယူနားလည်နိုင်စွမ်းနဲ့ ညီမျှတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ဝက်

https://s9.kh1.co/__image/w=650,h=432,q=100/f2/f2baa1b7311090fbb0a04fc802b2716f81f182f7.jpg

ဝက်တွေရဲ့ မှတ်သားနားလည်နိုင်စွမ်းဟာ ခွေးနဲ့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တွေရဲ့ နားလည်မှတ်သားနိုင်စွမ်း ပိုတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ သူတို့အချင်းချင်းလည်း ညီညွတ်နားလည်တဲ့ စွမ်းရည်တွေရှိကြပြီး မှတ်ဉာဏ် တွေကို ရေရှည်ထိန်းသိမ်းထားနိုင်စွမ်းလည်း ရှိပါတယ်။

သတင်းအရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး