ဒီတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပန်းချီကားထဲကပုံရိပ်တွေနဲ့ မထင်မှတ်ပဲ ရုပ်ချင်းသွားတူနေတဲ့ သူတွေရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ထူးဆန်းပြီး တိုက်ဆိုင်မှုတွေအမြဲဖြစ်နေတဲ့ ဒီကမ္ဘာမြေကြီးထဲမှာ အခုလို တိုက်ဆိုင်မှုလေးတွေဆိုတာကလည်း ပြောပြရင်တောင် ယုံနိုင်ဖွယ်မရှိပါဘူး။ မသိရင် သူတို့ကို ဆွဲထားတာလားဆိုပြီး ထင်မှတ်ရလောက်အောင်ပါပဲ။
အခုပြခန်းမှာ တွေ့ရတဲ့ ပန်းချီကားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းကဆွဲခဲ့ကြတဲ့ ပန်းချီတွေဖြစ်ပြီး ဒီဘက်ခေတ်လူတွေနဲ့ ဘယ်လိုဖြစ်ပြီး ရုပ်ချင်းသွားတူနေရလဲဆိုတာကတော့ စဉ်းစားရခက်စေပါတယ်။ တကယ်တော့ လူတိုင်းရဲ့ မျိုးရိုး ဗီဇရုပ်ရည်တွေဟာ အရမ်းကြီးမကွဲပြားပဲ အနည်းငယ်တော့ တူနေတာတွေရှိတယ်လို့ ပညာရှင်တွေကတော့ ပြန်လည်ဖြေရှင်းပေးထားပါတယ်။ ပုံတွေထဲမှာလည်း သင့်အနေနဲ့ သူတို့တော်တော်ရုပ်ချင်းတူတာကို တွေ့ရှိနိုင်ပါတယ်။
ခုလိုမျိုး ဟိုရှေးကတည်းကဆွဲထားတဲ့ ပန်းချီကားတွေထဲက လူနဲ့ ကိုယ်နဲ့ တူနေတဲ့ အဖြစ်မျိုးဟာ တကယ်ကို ထူးဆန်းစရာပါပဲ။ သိပ္ပံပညာတွေ ပြောကြသလို ကမ္ဘာပေါ်မှာ မိမိနဲ့ ရုပ်ချင်ဆင်တဲ့သူကတော့ ရှိစမြဲပါပဲ။ ဒါကြောင့်လည်း သင့်အနေနဲ့ ကံကောင်းမယ်ဆိုရင် ကိုယ်နဲ့ရုပ်ချင်းဆင်တူတဲ့သူကို ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ တွေ့ရှိနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Did you know