တာလီဘန်တွေက နှာခေါင်းနဲ့ နားရွက်ဖြတ်ပြီး တောင်ပေါ်မှာ ပစ်ထားခဲ့ကြပေမယ့် အသက်မသေပဲ ကမ္ဘာကျော်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/2e/2e77a7ff99b8ab5b1b1acc1250d4f1bca4e72c65.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ခင်ပွန်းနဲ့ ဝေးရာကိုထွက်ပြေးတာကြောင့် နှာခေါင်းနဲ့ နားရွက်ကိုဖြတ်တောက်ပစ်ခံခဲ့ရပါတယ်။ သူမနာမည်ကတော့ Aesha Mohammadzai ပဲဖြစ်ပြီး Bibi Aisha လို့လည်း သိကြပါတယ်။ သူမဟာ အာဖဂန်နစ္စတန်အလယ်ပိုင်းရှိ တောင်တန်းများမှာ တာလီဘန်သားသတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ခုလိုနှာ‌ခေါင်းနဲ့ နားရွက် အဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖြစ်ပုံမှာ သူမအသက် ၁၂ နှစ်တွင် မိသားစုအကြွေးကို ဖြေရှင်းရန် တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးနဲ့ အရောင်းအဝယ်လုပ်ခံခဲ့ရပြီး Aesha ဟာ ရိုက်နှက်ခံရခြင်း၊ ကျွန်လိုဆက်ဆံခံခြင်းနဲ့ မွေးမြူရေးခြံထဲမှာပဲ အိပ်စက်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=315,q=100/6f/6faf28781ec0e989475ea622f2935380b130cf81.jpg
https://s9.kh1.co/__image/w=314,h=356,q=100/29/29175208a978afce31ba97c68e2d8e1afeb581c6.jpg

" နေ့တိုင်း ကျွန်မယောက်ျားနဲ့ သူ့မိသားစုဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ အရပါ နှိပ်စက်ခဲ့ကြပါတယ်...ဒါနဲ့ တစ်ရက်မှာတော့ ကျွန်မလည်း မခံနိုင်တဲ့အဆုံး ထွက်ပြေးလာခဲ့မိတယ် " လို့ TV အစီအစဉ်တစ်ခုမှာ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ သူမနေနဲ့ အဖမ်းခံရပြီး ထောင်ထဲမှာ ၅လထားခံခဲ့ရပါတယ်။ " ကျွန်မထောင်ထဲက ထွက်လာတော့ သူတို့တွေ ကျွန်မယောကျာ်းဆိကို ပြန်ပို့ပြီး အဲ့ညမှာပဲ ကျွန်မကို တောင်တွေဆိ ခေါ်သွားခဲ့ပါတယ်...သူတို့က ကျွန်မရဲ့ ခြေထောက်နဲ့ လက်ကိုချည်ထားတယ်။ ကျွန်မအပြစ်က ကျွန်မရဲ့နှာခေါင်းနဲ့နားတွေကို ဖြတ်ပစ်တာလို့ သူတို့ကပြောတယ်.... ပြီးတော့သူတို့ကစပြီး ဖြတ်ဖို့ လုပ်တော့တာပါပဲ "

https://s9.kh1.co/__image/w=650,h=488,q=100/75/75569850e3067251578316bb9855f41a2c41bf9e.jpg

တာလီဘန်တွေက သူမကိုသေဖို့ တောင်ပေါ်မှာထားခဲ့ကြပေမယ့် နောက်ဆုံးမှာ သူမကိုတွေ့ပြီး အမေရိကန်က အကူအညီပေး လုပ်သားတွေကခေါ်ဆောင်သွားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက် ၂၀၁၀ ခုနှစ်တုန်းက Time မဂ္ဂဇင်းမျက်နှာဖုံးမှာ သူမရဲ့ မျက်နှာပါလာတဲ့အခါ Aesha Mohammadzai ရဲ့ဖြစ်ရပ်ဟာ တာလီဘန်တွေရဲ့ ကြောက်မက်ဖွယ်ရာ သင်္ကေတဖြစ်လာပါတယ်။ သုံးနှစ်ကြာပြီးနောက် ဝါရှင်တန်အပြင်ဘက် Bethesda Naval ဆေးရုံမှ ဆရာဝန်များဟာ နဖူးနှင့်လက်မောင်းတို့မှ အရေပြားများကို အသုံးပြုပြီး သူမနှာခေါင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးနောက် သူမဟာ ဘ၀သစ်တစ်ခုကုိ စတင်နိုင်ခဲ့ပါတယ်။ သူမ‌အနေနဲ့ ကမ္ဘာတစ်၀န်းက အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို သတင်းစကားတစ်ခုပို့ဖို့ British TV မှာ သူမရဲ့ မျက်နှာအသစ်နဲ့ ပေါ်ထွက်လာပါတယ်။ “ မတရားပြုကျင့်ခံ‌ရတဲ့ အမျိုးသမီးတွေအားလုံး ခွန်အားရှိကြပါ..... ဘယ်တော့မှအရှုံးမပေးပဲ မျှော်လင့်ချက်တွေ မဆုံးရှုံးလိုက်ပါနဲ့ " ဆိုပြီး သူမဟာ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=860,q=100/38/38fd38975a0d93c651afcb5256218304620c4af1.jpg
https://s9.kh1.co/__image/w=650,h=463,q=100/a7/a7f327e6b7323d586fa7e6171bc2dba306e4c3d1.jpg

သတင်း အရင်းအမြစ်Daily News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T