ဘောလုံးကွင်း တစ်ကွင်းစာ‌လောက်တောင် မရှိတဲ့ အာဖရိကတိုက်က ကျွန်းကလေး

//s9.kh1.co/3b/3b97812e1fbc0c67f7c24679ac8a5c586078865a.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကင်ညာနိုင်ငံမှ ဘောလုံးကွင်းတစ်ကွင်းရဲ့ တစ်ဝက်ခန့်သာ အကျယ်အဝန်းရှိတဲ့ Migingo ကျွန်းကလေးပေါ်တွင် လူအများစုပုံနေထိုင်ကြတာကြောင့် ကမ္ဘာ့လူဦးရေ အထူးထပ်ဆုံး ကျွန်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ Migingo ကျွန်းကလေးဟာ ဝ.၄၉ ဧကသာ ကျယ်ပြီး တရားဝင်နေထိုင်သူ ၁၃၁ ဦး နေထိုင်ပြီး လုပ်ငန်းများနှင့် ဆက်စပ်ကာ လာရောက်နေထိုင်နေသူပေါင်း ၁၀၀၀ ကျော်အထိ ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/6b/6b63cdd21900a4e7e25e56a0018c753b6ca31f44.jpg
https://s9.kh1.co/__image/w=600,h=450,q=100/9f/9fd058c1bfe6657bae6a2ae97b28a72224d46e36.jpg
https://s9.kh1.co/__image/w=600,h=450,q=100/37/378a64f66f21b07c6f6c1636ed60e3178973b38a.jpg

တရားဝင် အခြေချနေထိုင်သူ ၁၃၁ ဦးသာ ရှိပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းများတွင် အဆင့်(၃) ဟုသတ်မှတ်ထားပါတယ်။ အခြားလာရောက်နေထိုင်လုပ်ကိုင် စားသောက်သူပေါင်း ၁၀၀၀ ကျော်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ကျွန်း၏အကျယ်အဝန်း သေးငယ်မှုကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ်လည်း အများကသတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/80/807841e1935a948feedb29137a86123abc0b8f34.jpg
https://s9.kh1.co/__image/w=600,h=400,q=100/d3/d3444a7125bc65aab300bd3ea9c69b0a76962754.jpg

ထိုကျွန်းကလေးတည်ရှိရာ အနီးတဝိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ တကယ်တော့ Migingo ကျွန်းဟာ ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံတို့အကြား တင်းမာမှု ရင်းမြစ်တစ်ခု ဖြစ်ပြီး အဲ့ဒီကျွန်းကို မည်သူပိုင်သည်ကို ဘယ်သူမှဆုံးဖြတ်နိုင်ခြင်းမရှိပါဘူး။ အကြောင်းကတော့ အလယ်မှာ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ တချို့သူတွေအနေနဲ့ကတော့ ဒီကျွန်းကိစ္စ‌ဟာ အာဖရိကရဲ့ အသေးငယ်ဆုံး စစ်ပွဲတစ်ခုလို့ တင်စားသတ်မှတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8d/8d135d3c94470a42c161f43648ec962d73211ffb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d0/d0e5fe501dc1a10be2e3fecc16eed66f1bdf6843.jpg
https://s9.kh1.co/__image/w=600,h=371,q=100/8e/8e40d147dbbb36b89f610e95b109629de200c4cb.jpg

သတင်း အရင်းအမြစ်The Guardian

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T