ပန်းတွေရဲ့ တောက်ပတဲ့အရောင်တွေနဲ့ ထူးခြားတဲ့ပုံစံတွေဟာဆိုရင် သဘာ၀တရားကြီးရဲ့ အံ့ဩစရာတွေထဲက တစ်ခုပါပဲ။ အဲ့လိုပန်းတွေဟာဆိုရင်လည်း ကမ္ဘာကြီးကို လှပတဲ့နေရာဖြစ်အောင် လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့ပန်းတွေဟာ နှင်းဆီပန်းတို့ သစ်ခွပန်းတို့လို လှပပေမယ့်လည်း ပုံစံကတော့ ထူးဆန်းလျက်ရှိပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းက ထူးဆန်းစွာလှပလေ့ရှိတဲ့ ပန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Ballerina Orchid

ဒီအပင်လေးတွေကတော့ ကုန်းပင့်ကူသစ်ခွတွေဖြစ်ပြီး သူတို့ဟာ တစ်ပင်ထဲလည်းကြီးထွားတက်ကြသလို အပင်အုပ်စုလိုက်နဲ့လည်း Australia ကျွန်းဒေသအနှံ့ ပေါက်ရောက်တက်ကြပါတယ်။ ပန်းပုံစံဟာဆိုရင်တော့ အဖြူရောင်၀တ်ထားတဲ့ မိန်းမပျိုတစ်ယောက် ဘောလုံးတစ်လုံးကို ကိုင်မြောက်ထားတဲ့ပုံနဲ့တူတာကို ထူးဆန်းစွာ တွေ့ရှိရမှာပါ။
Snapdragon and its Skull

နဂါးပန်း ဒါမှမဟုတ် Snapdragon လို့ခေါ်တဲ့ ပန်းတွေကို ကျောက်တွေထူထပ်ပေါများတဲ့ နေရာတွေဖြစ်တဲ့ Europe, America နဲ့ North Africa တို့မှာ တွေ့ရှိတက်ရပါတယ်။ ပန်းရဲ့ပုံစံဟာ နဂါးမျက်နှာနဲ့တူနေတက်ပြီး ညှစ်လိုက်တဲ့အခါမှာ ပါးစပ်လိုမျိုး ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေတက်ပါတယ်။ ဒါပေမယ့် ပွင့်ချပ်များညှိုးနွမ်းပြီး ကြွေကျသွားတာနဲ့ အစေ့ခွံသာကျန်ခဲ့ပါတယ်။ အဲ့ဒီအခါကျ အစေ့ခွံဟာ အရိုးခေါင်းနဲ့တူနေပါတယ်။ ရှေ့ခေတ်ရိုးရာ အရတော့ Snapdragon တွေဟာ သဘာ၀လွန်စွမ်းအားတွေရှိတယ်လို့သတ်မှတ်ကြပါတယ်။
Naked Man Orchid

Orchis italica တွေဟာ မြေထဲပင်လယ်ဒေသတွေမှာ အမြောက်အများပေါက်တာကြောင့် အီတလီသစ်ခွလို့လည်း ခေါ်ကြပါတယ်။ များသောအားဖြင့် သူတို့ကို Naked Man Orchid လို့ လူသိများကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းရဲ့ပုံစံဟာ အ၀တ်မပါတဲ့လူနဲ့ ထူးဆန်းစွာ တူနေလို့ပဲဖြစ်ပါတယ်။ အဲ့ဒီပုံစံကြောင့်ပဲ ဒီပန်းပင်ဟာ နာမည်ကျော်ကြားပါတယ်။
Monkey Orchid

Monkey Orchid ကို တချို့သူတွေ ကတော့ The Dracula Simia လို့ခေါ်ပြီး တချို့ကတော့ မျောက်နဲ့တူတဲ့ ဒရယ်ကူလာလို့ သိရှိကြပါတယ်။ ဒီပန်းပင်ဟာ ရှားပါးသစ်ခွမျိုးစိတ်ဖြစ်ပြီး Ecuador နှင့် ပီရူးအရှေ့တောင်ပိုင်းရှိ တိမ်တောများမှာသာ ပေါက်ရောက်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရဲ့မျက်နှာကိုကြည့်ရင် မျောက်မျက်နှာ နဲ့တူတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မျောက်သစ်ခွလို့ လူတွေက ခေါ်ဆိုကြတာဖြစ်ပါတယ်။
Swaddled Babies

The Angloua Uniflora ဆိုတဲ့ပန်းဟာ လှပတဲ့သစ်ခွပန်းတစ်မျိုးဖြစ်ပြီး အများသိကြတဲ့ နာမည်ကတော့ Swaddled Babies (ချည်နှောင်ထားသောကလေးငယ်များ) ဆိုပြီးသိရှိကြပါတယ်။ ပရိသတ်ကြီးလည်း ပန်းပုံစံကိုကြည့်လိုက်ရင် ကလေးလေးတွေလို ပုံစံမျိုးကို ပန်းထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist