ရိုးရိုးသာမာန်ဆိတ်တွေနဲ့ မတူပဲ ပင့်ကူဒီအန်အေတွေပါတဲ့ ဆိတ်ပင့်ကူများ အကြောင်း

//s9.kh1.co/34/347fbbe226f244e17855f77b91a9241409b61d1f.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဒီတစ်ခါမှာတော့ ဆန်းဆန်း ပြားပြား မွေးမြူရေးခြံများထဲက ဆိတ်ပင့်ကူ မွေးမြူရေးခြံ (USU Spider Goat Farm) အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဆိတ်ပင့်ကူဆိုတဲ့ သတ္တဝါကို ကြားဖူးကြမှာ မဟုတ်ပေမယ့် အမေရိကန် နိုင်ငံ၊ အူတက် ပြည်နယ်တက္ကသိုလ် (Utah State University) မှာ တကယ်ရှိပါတယ်။ မျိုးရိုးဗီဇ အင်ဂျင်နီယာ ပညာရပ်ဖြင့် ဖန်တီးထားတဲ့ ဆိတ်ပင့်ကူဟာ ဆိတ် နှင့် ပင့်ကူကို မျိုးစပ်ထားခြင်း မဟုတ်‌ေပမယ့်လည်း အပြင်ပန်းကိုကြည့်ရင် သာမာန် ဆိတ်တစ်ကောင်နဲ့ မကွာတဲ့ သိပ္ပံပညာ ဖန်တီးမှု တစ်ခုသာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/62/624d2fbf0150454a7b8140609efdb7e761743323.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5d/5da8cfb4b0f9ffce052b67432eb23ac0a8f1d5a6.jpg

ဆိတ်ပင့်ကူမှာ ပင့်ကူရဲ့ မျိုးဗီဇ(ဒီအန်အေ)လည်း ရှိနေပါတယ်။ ဆိတ်ပင့်ကူဟာ အလွန် ထူးခြားလှစွာ ရွှေရောင် ပင့်ကူမျှင်များ ပါဝင်တဲ့ နို့ရည်များထွက်ရှိနိုင်ပါတယ်။ ဆိတ်ပင့်ကူ နို့ရည်မှ ရရှိတဲ့ ရွှေရောင်ပင့်ကူမျှင်များဟာ လူများ စားသောက်ရန်၊ သောက်သုံးရန် မဟုတ်ပါဘူး။ အဲ့အချက်ကပဲ ဆိတ်ပင့်ကူကို ထူးခြားစေတဲ့ အပြင်ပန်း လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များဟာ ဆိတ်ပင့်ကူရဲ့ နို့ရည်များကို ချက်လုပ်သန့်စင်ကာ ပင့်ကူမျှင်ခြည်များကို ထုတ်လုပ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/da/daf97fc6cd3c27a63950a92de0f214cc5ad05b41.jpg

အဲ့ပင့်ကူမျှင်များဖြင့် ခံနိုင်ရည်စွမ်းမြင့်မားတဲ့ ငါးဖမ်း ပိုက်ကြိုးများ၊ ခွဲစိတ်ခန်းသုံး ချုပ်ကြိုးများ၊ချပ်ဝတ် တန်ဆာကြိုးများနှင့် လေထီးကြိုးများကို ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ အူတက် တက္ကသိုလ်ရှိ ဆိတ်ပင့်ကူ မွေးမြူရေးခြံကို သတ်မှတ်ချိန်များအတွင် သွားရောက်လည်ပတ်နိုင်ကြပြီး ခြံအတွင်းမှာ ဆိတ်ပင့်ကူအုပ်များကို မွေးမြူထားတာ ‌တွေ့မြင်ရမှာပါ။ မွေးမြူရေးခြံဟာ အူတက် တက္ကသိုလ်ရဲ့ တိရိစ္ဆာန် မွေးမြူရေး နှင့် တိရိစ္ဆာန်တို့ရဲ့ မျိုးဗီဇ ဆိုင်ရာ သုတေသနလုပ်ငန်း အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/04/04e91a22d15a2775635208f7569bb3afd552bb1a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e3/e3c9d2a7ce6cc7c74b410bb8596701f18960816b.jpg

သတင်း အရင်းအမြစ် Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T