ထူးထူးဆန်းဆန်း ပုလင်းပုံစံနဲ့ ပေါက်ရောက်‌လေ့ရှိပြီး သက်ရှိများအတွက် အဆိပ်ရှိတဲ့ အပင်

//s9.kh1.co/22/22b631db702464a5534db27355d453e8268e2fad.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

ဒီတစ်ခါမှာတော့ ထူးထူးခြားခြား ပေါက်ရောက်နေတဲ့ ပုလင်းပုံ သစ်ပင်များ အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သစ်ပင်မရှိတဲ့ နိုင်ငံဆိုပြီး လုံးဝမရှိ‌ေပမယ့်လည်း ထူးဆန်းစွာပေါက်ရောက်နေတဲ့ သစ်ပင်ဆိုတာတော့ နိုင်ငံတိုင်းမရှိနိုင်ပါဘူး။ အဲ့ထဲကမှ နမ်မီးဘီးယား နိုင်ငံဟာလည်း ပုံမှန်မဟုတ်ပဲ ထူးဆန်းစွာပေါက်ရောက်နေတဲ့ ပုလင်းပုံ သစ်ပင်များဖြင့် နာမည်ကျော် လူသိများကြပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/6b/6bb1d7023a874f97c2e9950df022dec4a09ea1f9.jpg

နမ်မီးဘီးယားနိုင်ငံက ထူးခြားပြီး ပုလင်းပုံဖြစ်နေတဲ့ သစ်ပင်များဟာ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိ သတ္တဝါ များအား အသက် သေစေနိုင်တဲ့ အထိ အန္တရာယ်ကြီးမားတဲ့ အပင်မျိုးစိတ် တစ်ခု အဖြစ် ထင်ရှားလှပါတယ်။ အပင်က ထွက်ရှိလာတဲ့ နို့နှစ်ရောင် သစ်စေးက အဆိပ်ပြင်းထန်တာကြောင့် ရှေးယခင် ကာလများတွင် ချုံခို တိုက်ခိုက်သူများက မြားဆိပ် အဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/2d/2d928906b22fc31289300021a76fa4122ec338af.jpg

အပင်များဟာ ပုလင်းပုံများနှင့် တူနေတာကြောင့် ပုလင်းပင်(Bottle Tree) ဟု ခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်။ အဲ့အပင်များဟာ နမ်မီးဘီးယား နိုင်ငံ ကန္တာရများအတွင်း တောင်တန်းဒေသများတွင် အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ ပုလင်းပင်၏ အပွင့်များဟာ ထူးခြားစွာ လှပကြပြီး အပွင့်များရဲ့ အလယ်တွင် ပန်းရောင်၊အဖြူရောင်၊ အနီရင့်ရောင်များ ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=339,q=100/ca/ca078cb098e11df5f45a2210d6fd7a01482ca9cd.jpg
https://s9.kh1.co/__image/w=254,h=225,q=100/d9/d9d2839c2886c8dac4c28e2d8fbf31e5d8653e67.jpg

သတင်း အရင်းအမြစ် Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T