ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိတဲ့အလျောက် မတူညီတဲ့ လူတွေလဲ များစွာရှိကြပါတယ်။ အဲ့လိုလူတွေထဲမှာ ထူးခြားဆန်းပြားတဲ့ သူတွေလည်းရှိပါတယ်။ မွေးရာပါ ထူးခြားတဲ့သူတွေကလည်း ရှားသလို တချို့သူတွေဆို Super Power တွေတောင်ရှိပါတယ်။ ဒါပေမဲ့လည်း ခုဖော်ပြသွားမဲ့သူတွေကတော့ ပုံမှန်သူတွေဆိုပေမဲ့ ထူးခြားဆန်းပြားတဲ့သူတွေပဲဖြစ်ကြပါတယ်။
ကမ္ဘာ့အရပ်အရှည်ဆုံးလူသား

သူဟာဆိုရင် ပရိသတ်ကြီး သိကြတဲ့အတိုင်း တူရကီက Sultan Kosen ပဲဖြစ်ကာ အရပ်က ၈ပေ၃လက်မရှိပါတယ်။ သူဟာ ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးသူတစ်ယောက်ဖြစ်ပါတယ်။
ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး

Brazil က Elisany Da Cruz Silva ဆိုတဲ့အမျိုးသမီးဟာ Sultan Kosenပြီးရင် ဒုတိယကမ္ဘာအရပ်အရှည်ဆုံးသူပဲဖြစ်ကာ အမျိုးသမီးအနေနဲ့ဆိုရင် ကမ္ဘာအရပ်အရှည်ဆုံးသူဖြစ်ပါတယ်။ သူမအရပ်ကတော့ ၆ပေ၉လက်မရှိပါတယ်။
ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

Jyoti Amge ဆိုတဲ့ India ကအမျိုးသမီးဟာဆိုရင် ကမ္ဘာ့အရပ်ပုဆုံးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
African Hulk

အထူးပြောရန် မလိုလောက်တော့ဘူး ထင်ပါတယ်။ သူကတော့ အပြင်မှာတကယ်ရှိတဲ့ အာဖရိက Hulk ပဲဖြစ်ပါတယ်။ Hulk ဆိုတာ Marvel ရဲ့ Avengers ကားထဲ လူသန်းစိမ်းကြီး တစ်ယောက်ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist