ယနေ့ခေတ်မှာဆိုရင် Taxi တွေ Bus တွေဟာ ယောင်္ကျားတွေပဲ မောင်းနေကြတော့တာမဟုတ်ပဲ မိန်းကလေးတွေပါ မောင်းနေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ချောမောလှပတဲ့ကောင်မလေး မောင်းတဲ့ Taxi တို့ Bus တို့ ဆိုရင်တော့ လူတွေက ပိုလို့တောင် စိတ်ဝင်စားကြပါသေးတယ်။ ခုဖော်ပြမယ့် ကောင်မလေးဟာလည်း Taxi Driver ဆိုပေမယ့် မော်ဒယ်တစ်ယောက်လိုပဲ ချောမောလှပတဲ့သူတစ်ယောက် ဖြစ်ပါတယ်။


အီကူတ ကာနာ လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အလှကြောင့် ဂျပန်မှာ အကျော်ကြားဆုံး Taxi ဒရိုင်ဘာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ အရင်တုန်းက Photo မော်ဒယ်တစ်ယောက်ဖြစ်ပေမယ့် မော်ဒယ်လုပ်ငန်း အဆင်မပြေတာကြောင့် Taxi မောင်းတဲ့အလုပ်ပါ ထပ်မံလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အီကူတဟာ အရင်က Mina Mates of Mina magazine မှာ Photo မော်ဒယ်အနေနဲ့လုပ်ကိုင်ခဲ့ပြီး တခြားသော Salon တွေ အလှကုန်ဆိုင်ရာ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါေသးတယ်။


အီတကူ မော်ဒယ်အနေနဲ့ ရိုက်ကူးထားတဲ့ပုံလေးတွေဟာ ဘယ်လောက်လှလဲဆိုတာကတော့ အခုမြင်တွေ့နေရတဲ့ ပုံလေးတွေထဲက အတိုင်းပါပဲ။ မော်ဒယ် လုပ်သက်လည်း ကြာပြီဖြစ်ခဲ့တဲ့ အီကူတဟာ ဘွဲ့ရပြီးမှ တရားဝင် ကားမောင်းလိုင်စင်ရရှိခဲ့ပြီး သူမရဲ့ taxi driver ဘဝကိုစတင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အီကူတဟာ သူမရဲ့ဖော်ရွေမှု ၊ လှပမှုတွေကြောင့် တဖြေးဖြေးနာမည်ကြီးလာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး taxi driver ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီချိန်ကနေစပြီး အီတကူမောင်းတဲ့ taxi ကိုစီးချင်တဲ့သူတွေမှ တဖွဲဖွဲပါပဲ။



သတင်း အရင်းအမြစ်៖ japaninformer.com