စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေဆီ အရောက်သွားပြီး လိုအပ်တာတွေကူညီလှူဒါန်းခဲ့တဲ့ ခင်သဇင် - Myanmarload

စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေဆီ အရောက်သွားပြီး လိုအပ်တာတွေကူညီလှူဒါန်းခဲ့တဲ့ ခင်သဇင်

https://s9.kh1.co/78/787c6aae8ac851b4384a40bf96340044ae18abf1.jpeg
အနုပညာရှင်များ
 05-Jul-2021 2pm · 5 months ago

..

သရုပ်ဆောင်မင်းသမီးချော ခင်သဇင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

အခုလိုကာလဆိုးကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေကို တက်နိုင်သလောက် ဖေးမကူညီမှုတွေနဲ့ လှူဒါန်းကာ အရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

https://s9.kh1.co/__image/w=650,h=993,q=100/0d/0d97ab4b732ae2597d3e1120f82731d6a6d6aa5e.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=975,q=100/a5/a513fe66b11f1032c609fdb503fb2530ac5fb254.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=994,q=100/0d/0dc3f12a6bed4fcc6cadcb3c50abab4efc5acef1.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=461,q=100/d6/d61a123c20d5f7615983e746a2894895aaf9b430.jpeg
Photo Credit - Khin Thazin's Fb Acc

ခင်သဇင်ကတော့ ဇူလိုင်လ(၄)ရက်နေ့ကလည်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင်အရောက်သွားပြီး လိုအပ်တာတွေ ကူညီလှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

ဆန်နဲ့ ငွေကြေးတွေအပြင် ကျန်းမာရေးအတွက် လိုအပ်တာတွေကို ပေးဝေလှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဝေမျှရင်း နောက်ပိုင်းတွေမှာလည်း ပြည်သူတွေနဲ့အတူ လှူဒါန်းနိုင်ဖို့ တိုက်တွန်းထားပါသေးတယ်..။

https://s9.kh1.co/__image/w=641,h=855,q=100/aa/aa001b96df15c15946bbe3cc11d75eb896437a69.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=434,q=100/f0/f0c36720c512e5401fe156e13ed086f71b6a081f.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=488,q=100/42/42b0a01021fa6fc47ab620ed1bc1016962b43200.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=641,h=855,q=100/15/157ef210687c0abc2f1572b228dde228b62867cc.jpeg
Photo Credit - Khin Thazin's Fb Acc

"လိုအပ်နေ တဲ့ ပြည်သူတွေဆီ ကိုယ်တိုင် အရောက်သွား လှူနိုင်ခဲ့ပါတယ်…

နောက်တခါ ခင်နဲ့ အတူတူ သွားလှူနိုင်အောင် အလုပ်တွေပိုကြိုးစားပေးပါနော် 💪🏻💪🏻💪🏻🙏🏼🙏🏼🙏🏼.." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အမှတ်တရပုံရိပ်တွေကို အသိပေးဝေမျှထားတာပါ..။

လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖေးမကူညီနေတဲ့ ခင်သဇင်နဲ့ စေတနာရှင်တွေရဲ့ အလှူလေးတွေကိုတော့ မြင်သူတိုင်းက ဝမ်းသာစွာနဲ့ သာဓုခေါ် ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်..။

https://s9.kh1.co/__image/w=650,h=986,q=100/62/62ae39aa953ff21a9c42d59c6ce4c186be354ac8.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=488,q=100/34/341fb4f0c497e03ae2853cd5beb71eaa16b55a9b.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=975,q=100/fe/feefbfd832af3ce4f0278ef2c6336ca26049925c.jpeg
Photo Credit - Khin Thazin's Fb Acc
https://s9.kh1.co/__image/w=650,h=488,q=100/6c/6ca7776812b7518691f85efeb8f30c84578b5e18.jpeg
Photo Credit - Khin Thazin's Fb Acc

သတင်းအရင်းအမြစ်Khin Thazin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး