ထူးဆန်းတဲ့လူတွေကို နေရာတကာမှာ တွေ့ရှိနိုင်ပါတယ်။ တချို့သူတွေကတော့ တခြားသူတွေထက်ပိုပြီး လူသိများကြတက်ပါတယ်။ ဒါကြောင့် အောက်မှာဆိုရင်တော့ ထူးခြားတဲ့သူတွေနဲ့ သူတို့ရဲ့ဇာတ်လမ်းကို ဖော်ပြပေးလိုက်ပါတယ်။
Julia Pastrana

တစ်ခါက Charles Darwin ဟာ Julia Pastrana နဲ့ပတ်သတ်လို့ " လှပတဲ့အမျိုးသမီး " တစ်ယောက်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သူမဟာ မျိုးရိုးဗီဇလိုက်ရောဂါဖြစ်တဲ့ Hypertrichosisterminalis ကိုခံစားခဲ့ရပါတယ်။အဲ့ရောဂါကြောင့်လည်း သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အမွှေးတွေနဲ့ ဖုံအုပ်နေပါတယ်။ သူမရဲ့နားနဲ့နှာခေါင်းဟာ သာမန်ထက် ကြီးမားပြီး သူမရဲ့သွားတွေဟာလည်း ပုံမှန်မဟုတ်ပါဘူး။ သူမရဲ့ဒီအခြေအနေဟာ Gingival Hyperplasia ဆိုတဲ့ ရှားပါရောဂါတစ်မျိုးဖြစ်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ရုပ်ပန်းသွင်ပြင်ဟာ ခုလို မလှပပေမယ့် ချိုသာတဲ့အသံနဲ့ သီချင်းဆိုနိုင်ပြီး အကမှာလည်းတော်သူဖြစ်ကာ ဘာသာစကား၃မျိုးလည်း ပြောနိုင်သူဖြစ်ပါတယ်။ သူမအသက်၂၅နှစ်မှာ ကလေးမွေးခဲ့ပြီး အဲ့ကလေးလေးဟာ အမေလိုပဲအမွှေထူးပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ မွေးပြီး နာရီပိုင်းအကြားမှာ သေဆုံးခဲ့ပါတယ်။ သူမလည်း ကလေးမွေးပြီး ၅ရက်အကြာမှာပဲ သေဆုံးခဲ့ပါတယ်။ သူမယောက်ျားဟာလည်း ကလေးနဲ့ သူ့မိန်းမကို လှလှပပ၀တ်ဆင်ပေးပြီး Europe တလျှောက် Tour လှည့်ခဲ့ပါသေးတယ်။ သူမခန္ဓာကိုယ်ဟာ ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက်ဆီ ရောက်ရှိခဲ့ပြီးနောက်မှာတော့ ၂၀၁၃ခုနှစ်မှာ သူမရဲ့မွေးရပ်မြေ Sinaloa မှာပဲ သူမကိုသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

Roy Sullivan

Roy Sullivan ဆိုသူဟာ Shenandoah National Park မှာတာ၀န်ကျတဲ့ Park Ranger တစ်ယောက်ပဲဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အငြင်းခံရလို့ သူ့အသက် ၇၁နှစ်မှာ ကိုယ့်ကိုကိုသေနတ်နဲ့ ပစ်သေသွားတယ်လို့တော့ ပြောကြပါတယ်။ အဲ့အချိန်မတိုင်ခင်ထိတော့ သူရဲ့အသက်စွမ်းရည်ဟာ အံ့မခန်းပါပဲ။ သူဟာ ဂင်းနစ်စာအုပ်ထဲမှာလည်း မိုးကြိုးအချက်ပေါင်း အများဆုံး ပစ်ခံထားရသူအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။ ပထမဆုံးပစ်ခံရတဲ့အချိန်ကတော့ 1942 ဖြစ်ပြီးနောက် 1969, 1970, 1972, 1973, 1976 နဲ့ နောက်ဆုံးအချိန်ကတော့ 1977 ြဖစ်ပါတယ်။ မိုးကြိုးပစ်ခံရမယ့် ဖြစ်နိုင်ချေဟာ 100,000,000,000,000,000,000,000,000,000,000 မှာ 4.15 လောက်ပဲရှိတာပါ။

သတင်း အရင်းအမြစ်៖ Wonderlist