ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းဟာ ထူးခြားတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သောသူတွေမှာတော့ ပုံမှန်မဟုတ်တဲ့ ရုပ်ပိုင်ဆိုင်ရာ အသွင်အပြင်တွေ ရှိတက်ကြပါတယ်။ ကလေးတွေအနေနဲ့ကတော့ မိဘတွေက သားသမီးတွေကို ထူးခြားပြီး ထက်မြက်တဲ့သူလို့ ပြောတက်ကြစမြဲပါ။ ငယ်ရွယ်တဲ့ကလေးဘ၀မှာ မိဘတွေဆိက အဲ့လိုကြားရတဲ့အခါတိုင်း ကိုယ့်ကိုကို ယုံကြည်ချက်တွေရှိလာတက်ပါတယ်။ ဒါပေမယ့်လည်း တချို့ကလေးတွေကတော့ ပိုပြီးထူးခြားနေပါတယ်။ သွားအချောင်း ၃၀၀ပါတဲ့ကောင်လေးလိုမျိုး တခြားသူတွေကတော့------
Elise Tan Roberte

Elise ဟာဆိုရင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ IQ ဟာ ၁၅၆ ဖြစ်ပြီး အိုင်စတိုင်ရဲ့ IQ ကတော့၁၆၀ ဖြစ်ပါတယ်။ သူမရဲ့ အသက် ၅ လ အရွယ်မှာ စကားစပြောပြီး ၈လမှာ လမ်းစလျှောက်ကာ ၁၀လမှာ စပြေးနိုင်ခဲ့ပါပြီ။ သူမအသက် ၁၆လမှာ သူမ နာမည်ကိုဖက်တတ်နိုင်ခဲ့ပြီး ၁၀အထိရေနိုင်ခဲ့ပါတယ်။ သူမအသက်၂နှစ်မှာ စပိန်ဘာသာစကားနဲ့ ၁၀ထိရေနိုင်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ Capital City တွေကို သိနေပါပြီ။
Johncris Carl Quirante

အသက်၉နှစ်သာရှိသေးတဲ့ ဖီလင်ပိုင်က ကလေးတစ်ယောက်မှာ တခြားသာမန်ကလေးတွေနဲ့ မတူညီတဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲ့အခြေအနေကတော့ သူမှာ သွားအချောင်း ၂၀၀ထက်ပိုရှိနေတာပါပဲ။ ကံကောင်းစွာပဲ သူ့အမေဟာ သူ့သား ပုံမှန်လိုပြန်ဖြစ်ဖို့အတွက် ပြုလုပ်ပေးနိုင်တာပါပဲ။ သနားစရာကလေးလေးအနေနဲ့ကတော့ Operation ကို ၇ ခါလောက် ၀င်ခဲ့ရပါတယ်။

Muin Bachonaev

၁၁နှစ်ရှိပြီဖြစ်တဲ့ Muin ဆိုတဲ့ကောင်လေးဟာ သူများနဲ့မတူတဲ့ မျက်ခုံးမွှေးနဲ့မျက်ေတာင်ပိုင်ဆိုင်ထားပါတယ်။ သူရဲ့မျက်ေတာင်ေမွှးဟာ ၅စင်တီမီတာ ထိရှိပြီး တချို့ဟာဆိုရင် ပါးကိုထိနေတက်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့ကတော့ သူ့ရဲ့သမင်လို မျက်လုံးကိုမနာလိုဖြစ်နေပေမယ့်လည်း သူကတော့ ဘောလုံးကန်ရတာကလွဲလို ကျန်တာစိတ်မ၀င်စားပါဘူး။

သတင်း အရင်းအမြစ်៖ The Wonderlist