ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် ခင်သဇင်ပဲ ဖြစ်ပါတယ်။သူမကတော့ ဗီဒီယိုဇာတ်ကားများသာမက ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာမှာလည်း ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးများနဲ့ လိုအပ်တဲ့နေရာများကို လိုက်လံလှူဒါန်းပေးနေသူလည်း ဖြစ်ပါတယ်။
သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများမှာလည်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အခြေအနေအရပ်ရပ်ကြောင့်တိမ်းရှောင်နေရပေမယ့်လည်း ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူများစွာအတွက် စိတ်ပူနေတာ ဖြစ်ပါတယ်။မနေ့ညက ခင်သဇင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဘယ်လိုအကြောင်းပြချက်တွေနဲ့ ပျော်စရာကို ရှာဖွေရမလဲစဉ်းစားလို့တောင် မထွက်တဲ့ အကြောင်းကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။
" ဘယ်လို အကြောင်းပြချက်တွေနဲ့
ပျော်စရာကို ရှာဖွေရမလဲ
စဉ်းစားလို့ မထွက်ဘူး
ဦးနှောက်ထဲမှာ အခဲလိုက်ကြီး တစ်ခု
ပိတ်ဆို့နေတယ်..
စိတ်ညစ်လို့ စာအုပ်ကိုင်မယ်လုပ်တော့လည်း
အရှုပ်ထဲမှာ ရှင်းအောင်နေ ဖတ်ရမလား
ထိပ်ဆုံးသို့ နှင့် ကြီးပွားရေး
စာပေတွေပဲကိုင် ရမလား
ကမ္ဘာ့ ဒီမိုကရေစီ လမ်းစဉ်တွေပဲ လေ့လာရမလား
ပျော်အောင်နေနည်း နဲ့
စိတ်ဖိစီးမှု လျှော့ချရေးတွေပဲ ဖတ်ရမလား
ဦးနှောက်ကြီး က တင်းကျပ်ပြီး
စဉ်းစားလို့ မရနေတုန်း
ခေါင်းထဲဝင်လာတာက
ငါတို့ ပြည်သူတွေ
အဆင်မှ ပြေရဲ့လား
ATM စက်ရှေ့တွေပဲ မူးမေ့လဲနေကြပြီလား
မိသားစုတွေ ဘာနဲ့ စားနေကြလဲ
တိုင်းပြည်ကြီးက ဘာဖြစ်မှာလဲ
စီးပွားရေးတွေ ဘာဖြစ်မှာလဲ
ပညာရေးတွေ ဘာဖြစ်မှာလဲ
လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်...
အိုး.... အစုံပါပဲ ..
မျက်ရည်တွေသာ ထပ်ပြီး စီးကျလာတယ်
အဖြေကရှာမရဘူး
ငါ့နှယ့် .. အနုပညာသမား
အသဲကလည်း နုလိုက်တာ လွန်ပါရောလား...
အဝေးကိုသာ တွေတွေကြီး ငေးရင်း
အော် .. ငါဒီနေ့လည်း
ဘာစာအုပ်မှ မဖတ်ဖြစ်လိုက်ပါလား ....
ခင်သဇင်
၇၊၅၊၂၀၂၁ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီကာလမှာ ပြည်သူတွေတစ်ချို့ဟာ အခက်အခဲတွေကြောင့် ATM စက်ရှေ့တွေမှာ မနက်အစောကြီးထကာ တန်းစီစောင့်ဆိုင်းနေကြရတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ အမြန်ပြီးဆုံးပြီး စစ်မှန်တဲ့ဒီမိုကရေစီရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Khin Thazin’s Facebook Account