သရုပ်ဆောင် အေးသီတာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်းလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။
စားဝတ်နေရေးအခက်အခဲတွေကြောင့် အများကြီးမလှူနိုင်ပေမယ့်လည်း သူမရောင်းချနေတဲ့ ဆန်တွေနဲ့ လှူဒါန်းပေးမယ့်သူများကို ဈေးနှုန်းချိုသာစွာရောင်းချပေးနေတာ ဖြစ်ပါတယ်။ အလှူရှင်တွေကိုယ်စား သွားလှူပေးခဲ့တာတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် အေးသီတာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့Facebook အကောင့်တွင် လက်ရှိဖြစ်ပေါ်နေတဲ့အရာတွေမှာ ဘာမှမလုပ်ပေးနိုင်ဘဲ နှုတ်ဆိတ်နေနေရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ရေးသားထားတာပါ။
" ဘာမှမလုပ်ပေးနိုင်
လုပ်ပေးနိုင်စွမ်းမရှိ
ဘုရားမှတပါးကိုးကွယ်ရာမရှိ?????
မြိုသိပ်နှုတ်ဆိတ်နေရတဲ့ဘဝကအမြန်လွတ်ရပါစေ?????? " ဆိုပြီး ဆုတောင်းနေတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Aye Thida’s Facebook Account