အိန္ဒိယလူမျိုးတွေမှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝပါတယ် ။သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာမှာ ရှိနေတဲ့ ဆေးတစ်ပါး ကတော့ နို့နနွင်းပါပဲ။ နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ်။

အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ။ အစာအိမ်အချဉ်ပေါက်နေ တာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတစ်ပါးပါ။ဗိုက်ပြည့်ဗိုက်ကယ်နေတာတွေ အတွက်လည်းသက်သာစေပါတယ် ။ တခါတလေ ဗိုက်ပြည့်ဗိုက်ကယ်တာနေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ရောဂါကို ခံစားရပါတယ် ။

ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။ အဆီခြေဖျက်နှုန်း ကို ကူညီပေးသလို ခန္ဒာကိုယ် အလေးချိန်ထိန်းခြင်းကိုလဲ အကူညီပေးပါတယ်။ အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ်ပေးပါတယ် ။

ဖျော်နည်းလေးကတော့ နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တစ်ခွက်ပဲ အရင်ထည့်ပါမယ်။ ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့်ပါ။ နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက် အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ ဂျင်းမှုန့်နည်းနည်းလေး အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့်ပါ။ ပြီးရင် ခေါက်မွှေပြီး သောက်လို့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ်ပါပဲ ကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။

စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့တေပြီး အခြောက်လှန်းပြီး အလုံးလေးတွေလုံးပြီးသောက်ကြည့်ပါ ။တချိုု့နည်းတွေမှာလဲ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ထဲထည့်ုပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ။ ပွက်ပြီး ခဏလောက်နေမီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ ။ နောက်အေးသွားပြီ ဆိုရင် နို့ထဲက အဖတ်တွေ ကိုဆယ်ထုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ Healthy living