အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ကတော့ အများကအားကျရတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အာဘွိုင်းတို့ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ သမီးချောလေးတစ်ယောက် ထွန်းကားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အေးချမ်းပြီး အရာရာပြည့်စုံနေတဲ့ အာဘွိုင်းတို့မိသားစုလေးက မြင်ရသူတိုင်းအဖို့ စိတ်ချမ်းသာစရာကောင်းပြီး ကြည်နူးစေတာ အမှန်ပါပဲနော် ။
အာဘွိုင်းတို့ ဇနီးမောင်နှံဟာဆိုရင်တော့ ခုဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ လိုအပ်သမျှကို တတ်နိုင်သလောက်ပါဝင် ကူညီအားဖြည့်ပေးနေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။ နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင်ပြည်သူချစ်အနုပညာရှင်များစွာလည်း ပါ၀င်နေကာ တစ်ရက်ထက်တစ်ရက် အရှိန်အဟုန်ကောင်းလာတာလည်းဖြစ်ပါတယ်။
အခုလည်း အားဘွိုင်းတို့ဇနီးမောင်နှံဟာ မန္တလေးမြို့ စိန်ပန်းရပ်က တာရိုးနေပြည်သူများ အစားအသောက်အဆင်ပြေစေရန်အတွက် ထမင်းဗူး အယောက် (၂၅၀) စာကို လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးနဲ့အတူ " မန္တလေးမြို့ စိန်ပန်းရပ် တာရိုးနေပြည်သူများအတွက် ထမင်းဗူး အယောက်၂၅၀ စာကို ကျနော်နဲ့ မြတ်မှ အုတ်တစ်ချပ် သဲတစ်ပွင့် အလှူလေးပါ။"ဆိုတဲ့စာလေးကိုလည်းဝေမျှခဲ့ပါတယ်။ ပရိသတ်ကြီးလည်း အားဘွိုင်တို့ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးရင်း ပြည်သူများ အားလုံးဘေးအန္တရယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit : Kyaw Phyo Tun Fcaebook Account