အိပ်စက်ချိန်များရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာနဲ့ ဆိုးကျိုးများ

//s9.kh1.co/b5/b5847fd8496abf7a9194dc7ba2e20a558eda8997.jpg
ဗဟုသုတအဖြာဖြာ

 ២០-កុម្ភៈ-២០២១ ៥ល្ងាច · ៦ ឆ្នាំមុន

.

လူတစ်ယောက်ဟာ နေ့စဥ်နေ့တိုင်း ကိုယ်အိပ်စက်သင့်တဲ့ အချိန်ထက် အများကြီးပိုပီး အိပ်စက်အနားယူတာမျိုး မလုပ်သင့်ပါဘူး။

အချိန်အများကြီးပိုပီး အိပ်စက်အနားယူတာက ခန္ဓာကိုယ်အတွက်လည်း မကောင်းသလို အခြားသော ရောဂါဝေဒနာဆိုးတွေကိုပါ ရရှိလာနိုင်စေပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို အိပ်စက်ချိန်များရာကနေ ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာနဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

လေ့လာချက်တွေအရ အိပ်စက်ချိန်များလွန်းခြင်းဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိပ်ချိန်များလွန်းခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပြီး အဝလွန်ရာကနေ တစ်ဆင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။

အိပ်ချိန်များလွန်းသူတွေဟာ သာမန်ထက် ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှု ပြသနာတွေ ပိုမိုခံစားရလေ့ရှိပြီး ခန္ဓာကိုယ် နောက်ကျောပိုင်းနဲ့ ပက်သက်လို့ ပိုမိုနာကျင်ကိုက်ခဲတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ်။

Photo from google
Photo from google

အိပ်စက်ချိန်များလွန်းတာဟာ အာရုံကြောတွေကို လေးလံထိုင်းမှိုင်းပြီး ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

နောက်ထပ်တစ်ချက် အနေနဲ့ကတော့ အိပ်ချိန်များလွန်းတာဟာ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းရာကနေ ဖြစ်ပေါ်တတ်တဲ့ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကိုပါ ဖြစ်လာစေနိုင်တယ်လို့သိရပါတယ်။

Photo from google
Photo from google

သတင်း အရင်းအမြစ် Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T