ဘယ်လောက်ပဲ ကျန်းမာကြံ့ခိုင်တဲ့ လူသားဖြစ်ပါစေ နေပူထဲ အရမ်းထွက်ရတဲ့အခါမှာ ချွေးထွက်များပီး ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။
ပင်ပန်းနွမ်းနယ်လာပီဆိုရင်တော့ လူတွေအများဆုံး လုပ်ပေးတာက ရေဓာတ်အားဖြည့်ပေးတဲ့ အချိုရည်တွေ ဓာတ်ဆားတွေကို သောက်သုံးပေးကြပါတယ်။
ဒါဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုဆိုပေမယ့် ပင်ပန်းနွမ်းနယ်လာရင် နောက်ထပ်ပြုလုပ်လို့ရသေးတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
အရည်ရွှမ်းတဲ့ အသီးလေးတွေစားပေးပါ
အရည်ရွှမ်းတဲ့ အသီးလေးတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်တွေကို ပြန်လည်အားဖြည့်ပေးနိုင်ပီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။
ပရိသတ်တွေကိုယ်တိုင်လည်း ပင်ပန်းနွမ်းနယ်လာတဲ့အခါ အရည်ရွှမ်းတဲ့ (ဖရဲသီး၊ နာနတ်သီ၊ etc. ..) တို့ကို တောင့်တကောင်း တောင့်တဖူးကြမယ်ထင်ပါတယ်။
ရေအရမ်းမသောက်ပါနဲ့
ကိုယ်အရမ်းမောပီး ပင်ပန်းနေတဲ့အချိန်မှာ ရေကိုအများကြီးသောက်လိုက်မယ်ဆိုရင် ရင်ဘတ်ကစူးအောင့်လာပီး ရှော့ဖြစ်တတ်ပါတယ်။
ရေကို အရမ်းမောနေတဲ့အချိန်မှ မသောက်ပဲ ခနလောက်နားပီးမှ သောက်ပေးသင့်ပါတယ်။
ရေခဲရေတော့ လုံးဝမသောက်ပေးသင့်ပါဘူး။
အရေးကြီးဆုံးကတော့ ညဘက်ရောက်ရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပေးပါ.......
သတင်း အရင်းအမြစ်៖ Healthline